မက်ဆ်ီထက်တောင် သွင်းဂိုးပိုရထားပါတယ်။
Pyae Phyo Thein

ဆွာရက်ဇ်ကို ရောင်းထုတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မက်ဆီကိုယ်တိုင်လည်း မကျေမချမ်းဖြစ်ခဲ့ပြီး အသင်းကိုပြစ်တင်မှုတွေပြုလုပ်ခဲ့တဲ့အထိ အကျိုးဆက်က ပြင်းထန်ခဲ့ပါတယ်။


အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ လူးဝစ္စဆွာရက်ဇ်ဟာ ဘာစီလိုနာတိုက်စစ်မှူးတွေထက် ဂိုးပိုမိုသွင်းယူထားပေမယ့်လည်း အသင်းကနေထွက်ခွာသွားခဲ့တဲ့အပေါ်မှာ နောင်တမရဘူးလို့ ဘာကာနည်းပြကိုးမန်းက ပြောဆိုလိုက်ပါတယ်။ ဒီလိုထွက်ခွာခဲ့တာဟာ သူ့အထက်က တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကြောင့်လည်းဖြစ်တယ်လို့ ကိုးမန်းက ပြောခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ ဒီရာသီအစမှာပဲ ဘာကာကနေ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ အသင်းသစ်အတွက် လာလီဂါဂိုး ၈ ဂိုးအထိ သွင်းယူပေးထားပြီး အသင်းဖော်ဟောင်းမက်ဆီ၊ ဂရစ်မန်းတို့ထက်တောင် ဂိုးပိုသွင်းထားပြီး ခြေစွမ်းပြနေကာ သူ့ကိုရောင်းချခဲ့တဲ့ ဘာစီလိုနာအသင်းကို နောင်တရစေအောင် ကစားပြနိုင်ခဲ့ပါတယ်။ 

ဘာကာအတွက် ဂိုးပေါင်း ၁၉၈ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဆွာရက်ဇ်က အသင်းမှာဆက်လက်ကစားချင်နေပေမယ့်လည်း နူးကမ့်ကလပ်က ရောင်းထုတ်ဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆွာရက်ဇ်ကို ရောင်းထုတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မက်ဆီကိုယ်တိုင်လည်း မကျေမချမ်းဖြစ်ခဲ့ပြီး အသင်းကိုပြစ်တင်မှုတွေပြုလုပ်ခဲ့တဲ့အထိ အကျိုးဆက်က ပြင်းထန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကိုးမန်းက " သူ ထွက်ခွာသွားတဲ့အပေါ်မှာ ကျွန်တော်လုံးဝနောင်တမရပါဘူး၊ သူ့အရည်အချင်းကို ကျွန်တော်အမြဲတမ်း ထုတ်နုတ်ပြောနေခဲ့တာပါ၊ ဒီဆုံးဖြတ်ချက်က သူနဲ့ ကလပ်အသင်း ချမှတ်ထားခဲ့ပြီးသားဖြစ်ပါတယ်" လို့ ကိုးမန်းက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြသွားခဲ့ပါတယ်။ 

ဘာစီလိုနာကတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ အီဘာနဲ့ တစ်ဂိုးစီသရေကျခဲ့ပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေကာ ဆွာရက်ဇ်ရဲ့ အက်သလက်တီကိုအသင်းထက် ၆ မှတ်ကွာဟနေခဲ့ပါတယ်။ ဇန်နဝါရီစျေးကွက်အတွင်းမှာ ကစားသမားတချို့အငှားနဲ့ထွက်ရဖို့ရှိနေပြီး ဘဏ္ဍာရေးအခြေအနေကြောင့် ကစားသမားသစ်ဝယ်ယူဖို့က မသေချာဘူးလို့လည်း ကိုးမန်းက ပြောခဲ့ကြောင်း သိရပါတယ်။ 


Author


က္က