၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်မှာ ရော်နယ်ဒိုက အသက် ၃၇ နှစ်ရှိနေမှာပါ။
Pyae Phyo Thein

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၁၆ ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားတို့ကို ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ်နဲ့ ရယူခဲ့ပြီးဖြစ်ပါတယ်။


ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားကို ရယူရေးဟာ သူ့အတွက် အကြီးမားဆုံးအိပ်မက်နဲ့ ဖြည့်ဆည်းရမယ့် အိပ်မက်တစ်ခုဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက ပြောဆိုခဲ့တာဖြစ်ပြီး သူ့အတွက်တော့ ဒီမျှော်လင့်ချက်ကြောင့်ပဲ အနာဂတ်က တောက်ပနေတယ်လို့ ဆိုပါတယ်။



အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၁၆ ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားတို့ကို ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ်နဲ့ ရယူခဲ့ပြီးဖြစ်ပါတယ်။ ဥရောပရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားလည်းဖြစ်တဲ့ ရော်နယ်ဒိုဟာ ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို ရယူဖို့ စိတ်အားထက်သန်နေပြီး သူ့ရဲ့ ကစားသမားဘဝမှာ လိုအပ်နေတဲ့ တစ်ခုတည်းသောကွက်လပ်ကို ဖြည့်တင်းချင်နေတာလည်းဖြစ်ပါတယ်။

"ကျွန်တော့်မျက်လုံးတွေကို မှိတ်ပြီး စဉ်းစားကြည့်မယ်ဆိုရင် အနာဂတ်က အရမ်းကိုတောက်ပနေပါတယ်၊ ကျွန်တော်တို့ ယူရို ၂၀၁၆ မှာ အောင်မြင်ခဲ့ပြီး အခုဆိုရင် ကမ္ဘာ့ဖလားကို ရယူချင်နေပါတယ်၊ ကျွန်တော့်အိပ်မက်ကလည်း ပေါ်တူဂီနဲ့အတူ အမြဲတမ်းအောင်မြင်နေဖို့ပါ၊ ကျွန်တော် နေးရှင်းလိဂ်အပါအဝင် ဆုဖလားနှစ်လုံးရယူပြီးပါပြီ"

"အခုကတော့ ကမ္ဘာ့ဖလားကို ရယူချင်နေပါတယ်၊ ကျွန်တော်ကစားခဲ့တ့အသင်းတိုင်းမှာ ဆုဖလားတွေရယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားက ကျွန်တော့်ရဲ့ အကြီးမားဆုံးအိပ်မက်ပါ" လို့ ရော်နယ်ဒိုက ပြောဆိုခဲ့ပါတယ်။ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ ၂၀၂၀ ခုနှစ်အတွင်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ ခြေစွမ်းကို ပြသနေခဲ့ကာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ 

ဒီရာသီစီးရီးအေမှာလည်း သွင်းဂိုး ၁၂ ဂိုးအထိ ရရှိထားပြီး ချန်ပီယံလိဂ်သွင်းဂိုး ၄ ဂိုးနဲ့အတူ ပြိုင်ပွဲစုံသွင်းဂိုး ၁၆ ဂိုးအထိ ရရှိထားခဲ့ပါတယ်။ သွင်းဂိုးတွေအတွက် ဆက်လက်ရှင်သန်နေတယ်လို့ ပြောဆိုခဲ့တဲ့ ရော်နယ်ဒိုက ၂၀၂၁ ခုနှစ်မှာ ဘယ်လောက်ထိ ခြေစွမ်းပြနေဥိီးမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဦးမှာလည်းဖြစ်ပါတယ်။ 



Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က