အင်နီယေစတာလို ကစားသမားကိုပါ ကျော်ဖြတ်နို်ငခဲ့ပါတယ်။
Pyae Phyo Thein

ဒီဆုကိုတော့ အာရှရွှေဘောလုံးဆုလို့လည်း ခေါ်ဝေါ်ကြပြိး ကမ္ဘာတဝှမ်းမှာ ကစားနေကြတဲ့ အာရှကစားသမားတွေနဲ့အတူ အာရှတိုက်အတွင်း လာရောက်ကစားနေတဲ့ နိုင်ငံခြားသားကစားသမားတွေလည်း ပါဝင်ကာ ရွေးချယ်ပေးအပ်နေတာလည်းဖြစ်ပါတယ်။


စပါးအတွက်ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံသွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ၂၀၂၀ ခုနှစ်ရဲ့ အာရှတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ Fox Sport Asia နဲ့ Titan Sport တို့ ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားကြယ်ပွင့်ဟာ ၄ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 



ဒီဆုကိုတော့ အာရှရွှေဘောလုံးဆုလို့လည်း ခေါ်ဝေါ်ကြပြိး ကမ္ဘာတဝှမ်းမှာ ကစားနေကြတဲ့ အာရှကစားသမားတွေနဲ့အတူ အာရှတိုက်အတွင်း လာရောက်ကစားနေတဲ့ နိုင်ငံခြားသားကစားသမားတွေလည်း ပါဝင်ကာ ရွေးချယ်ပေးအပ်နေတာလည်းဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းမှာ အာရပ်ကစားသမားအများစုနဲ့ ဆွန်ဟောင်မင်ယှဉ်ပြိုင်ခဲ့ရပြိး စုစုပေါင်းမဲပေးမှုရဲ့ ၃၅% အထိ ရရှိခဲ့ကာ ဒုတိယနေရာက ဆာဒါအက်ဇ်မွန်ကို အမှတ် ၁၀၀ ကျော် အသာစီးရရှိခဲ့ပါတယ်။

အာရှတလွှားက ဂျာနယ်လစ် ၅၁ဦး နဲ့ နိုင်ငံခြားသားဂျာနယ်လစ် ၁၄ ဦးတို့ မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီး တတိယနေရာမှာတော့ ကိုရီးယားကလပ်အူလ်ဆန်ဟွန်ဒိုင်းတိုက်စစ်မှူးဂျူနိယာနီဂရာအို၊ စတုတ္ထနေရာမှာ ဗစ်ဆဲကိုဘေးကွင်းလယ်လူအင်နီယေစတာနဲ့ ပဥ္စမနေရာမှာ ယွန်ဘစ်ဂါရမ်တို့ ရပ်တည်ခဲ့ကြပါတယ်။

ဒီအတွက်ကြောင့်ဆွန်ဟောင်မင်ဟာ ဒီဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာလို့ ဆိုရမှာဖြစ်ပြီး နာမည်ကျော်ကစားသမားဟောင်းတချို့ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။


တောင်ကိုရီးယားရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိထားပြီးဖြစ်တဲ့ ဆွန်ဟောင်မင်ဟာ စပါးအတွက် လိဂ်ဂိုး ၁၂ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၃ရာသီက သူရရှိခဲ့တဲ့ လိဂ်ဂိုးအရေအတွက်တွေနဲ့ တူညီနေခဲ့တာဖြစ်ပြီး လက်ကျန်ရာသီဝက်ကာလရှိနေသေးတာကြောင့် အဆိုပါရာသီတွေထက် ဂိုးပိုမိုသွင်းယူနိုင်မှာ သေချာသလောက်ဖြစ်နေပြီး စပါးကစားသမားဘဝမှာ လိဂ်ဂိုးအများဆုံးသွင်းယူနိုင်ထားတဲ့ ၁၄ ဂိုးစံချိန်ကိုလည်း ကျော်ဖြတ်နိုင်ဖွယ်ရာရှိနေပြီဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က