အားလပ်ရက် အနားယူရင်း အမေရိကန်မှာ ကူးစက်ခံလိုက်ရတာလို့သိရပါတယ်။
Kyaw Ko Ko Sint

မော်ဂန်ကတော့ ၂၀၁၅နဲ့၁၉ ကမ္ဘာ့ဖလားချန်ပီယံ အမေရိကန်ကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၁၉ ကမ္ဘာ့ဖလားမှာ တော့ သူမကို ဘောလုံးပရိသတ် အပေါင်း အဓိကထား စောင့်ကြည့်ခြင်းကို ခံခဲ့ရသူပါ။

ပုရိသတို့ရဲ့ အသည်းကျော် အမေရိကန် ဘောလုံးသမလေး အဲလက်စ်မော်ဂန်အပါအဝင် သူ့ရဲ့ တစ်မိသားစုလုံး ကိုဗစ် ကူးစက်ူခံထားရလို့ နေအိမ်မှာသာ နေထိုင်နေရတယ်လို့ BBC SPORTက ဖော်ပြလာပါတယ်။

မော်ဂန်အနေနဲ့ အားလပ်ရက်အဖြစ် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ကို အလည်ပြန်ရင်း အခုလို ကူး စက်ခံလိုက်ရတာလို့လည်း သိရပါတယ်။

ဒါ့အပြင် သူမဟာ အမျိုးသမီး စူပါလိဂ်ပြိုင်ပွဲဝင် စပါးအသင်းမှာ ကာလတို တစ်ခုသာ ကုန်ဆုံးခဲ့ပြီးနောက် ယခုအ ခါ အော်လန်ဒို ပရိုက်ဒ် အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ပါတယ်။

အသက် ၃၁နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ မော်ဂန်ကိုတော့ ၂၀၁၉ ကမ္ဘာ့ဖလားမှာ ဘောလုံးပရိသတ်တွေ ထူးထူးခြားခြား သတိထားမိကြဟန်ရှိပါတယ်။

ပြေပြစ်တဲ့ မျက်နှာသွင်ပြင်၊ညှို့အားပြင်းတဲ့ မျက်လုံဂတစ်စုံနဲ့ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်ပိုင်ရှင်လေးကို ကမ္ဘာ့ ဖလားမှာ အမေရိကန်အသင်းနဲ့အတူ အားပေးခဲ့ကြတယ်ဆိုရင် ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။

ပြင်သစ်မှာ ကျင်းပခဲ့တဲ့ ၂၀၁၉ပြိုင်ပွဲမှာ သူမဟာ ဆွဲဆောင်မှု ရှိသလောက် ခြေစွမ်းကလည်း မြင့်မားကာ ၆ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

“အခု ကိုဗစ် ကူးစက်ခံထားရပေမယ့် တစ်မိသားစုလုံး ကျန်းကျန်းမာမာ ရှိပါတယ်။သီးသန့်နေထိုင်မှု ပြီးရင်တော့ ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေအဖြစ် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အဓိက အသားပေးပြန်လေ့ကျင့်ပါမယ်။မကြာခင် အစောဆုံး အသင်းဖော်တွေနဲ့ ပြန်လည်လက်တွဲ လေ့ကျင့်နိုင်မယ်လို့ ယုံကြည်ပါတယ်။”လို့ မော်ဂန်က လူမှု စာမျက်နှာထက်က ဖော်ပြလာပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က