ပြိုင်ပွဲကို စောစောစီးစီးပဲ နှုတ်ဆက်ခဲ့ရပါတယ်။
Pyae Phyo Thein

ယာအိုဖိလစ်၊ ရီနန်လိုဒီ၊ ဆောလ်နီဂွက်ဇ်၊ မွန်တီရာအို နဲ့ အိန်ဂျယ်ကော်ရီယာတို့လို ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ဆီမြွန်နီက အသုံးပြုခဲ့ပြီး ကာရက်စ်ကို၊ လော်ရန်တီ၊ အော့ဘလက်ခ်၊ ဆွာရက်ဇ်တို့ကိုတော့ အနားပေးခဲ့ပါတယ်။


လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ကိုပါဒယ်ရေးပြိုင်ပွဲမှာတော့ စပိန်တတိယတန်းအသင်းငယ်လေး UE Cornella ကို ၁-၀ နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ လူစုံတက်စုံမပါဝင်ခဲ့ပေမယ့်လည်း အေတီကိုမှာ ကြယ်ပွင့်ကစားသမားတချို့ပါဝင်ခဲ့လို့ အခုလိုအရေးနိမ့်မှုဟာ ရှက်ဖွယ်လိလိဖြစ်ခဲ့ရပါတယ်။ 

ယာအိုဖိလစ်၊ ရီနန်လိုဒီ၊ ဆောလ်နီဂွက်ဇ်၊ မွန်တီရာအို နဲ့ အိန်ဂျယ်ကော်ရီယာတို့လို ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ဆီမြွန်နီက အသုံးပြုခဲ့ပြီး ကာရက်စ်ကို၊ လော်ရန်တီ၊ အော့ဘလက်ခ်၊ ဆွာရက်ဇ်တို့ကိုတော့ အနားပေးခဲ့ပါတယ်။ ဒုတိယပို်င်းမှာ အက်သလက်တီကိုက ဆန်းချက်ဇ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ ပိုမိုခက်ခဲခဲ့ပြီး အဝေးကွင်းမှာ စိတ်ပျက်ဖွယ်အရှုံးရလဒ်ကိုလက်ခံခဲ့ရပါတယ်။

UD Conella က ပွဲအစ ၇ မိနစ်ကတည်းက တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့ပြီး အဆိုပါဂိုးကို အက်သလက်တီကိုတို့ ပြန်လည်မချေပနိုင်ခဲ့တာဖြစ်ပါတယ်။ လာလီဂါဆုဖလားကို ချိန်ရွယ်နေတဲ့ အေတီကိုအတွက်တော့ အံ့အားသင့်စရာရလဒ်ဖြစ်ခဲ့့ပြီး ပွဲအပြီးမှာ နည်းပြဆီမြွန်နီက ပြိုင်ဘက်အသင်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ 

"ကျွန်တော်တို့ အမြဲတမ်းအနိုင်လိုချင်ခဲ့တာပါ၊ ဒါပေမယ့် ပြိုင်ဘက်အသင်းက နောက်တဆင့်တက်ဖို့ ထိုက်တန်ခဲ့ပါတယ်၊ သူတို့က အခွင့်အရေးတွေ ရရှိခဲ့ပြီး ပွဲကိုကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်၊ သူတို့လိုချင်တဲ့အတိုင်း ကစားနိုင်ခဲ့ပြီး သူတို့အရည်အသွေးကို ထိန်းသိမ်းနိုင်ခဲ့လို့ ဂုဏ်ပြုရမှာပါ၊ ကိုယ့်ထက် ပြိုင်ဘက်အသင်းက ပိုကောင်းတဲ့အချိန်မျိုးမှာ သူတို့ကို ဂုဏ်ပြုဖို့လိုပါတယ်" လို့ ဆီမြွန်နီက ပြောဆိုခဲ့ပါတယ်။ 

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကလည်း အစောပိုင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီး ဒီရာသီမှာလည်း စောစောစီးစီးပဲ ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရတာဖြစ်ပါတယ်။ 


Author


က္က