ပီအက်စ်ဂျီဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လိုင်ယွန်နဲ့ ၃ မှတ်ကွာအနေအထားကို ရောက်ရှိသွားခဲ့ပြီး ပိုချက်တီနိုကတော့ သူ့အအသင်းအနေနဲ့ ပွဲတိုင်းကို အနိုင်ရသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းနည်းပြသစ်အဖြစ် ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲမှာပဲ သရေရလဒ်ထွက်ပေါ်ခဲ့လို့ ပိုချက်တီနိုတစ်ယောက် စိတ်ပျက်ခဲ့ရပြီဖြစ်ပါတယ်။ စိန့်အက်တီယန်ကို တစ်ဖက်တစ်ဂိုးစီသရေသာကစားနိုင်ခဲ့ပြီး ပြင်သစ်ချန်ပီယံဟာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပြီး ပိုချက်တီနိုကတော့ အဆိုပါရလဒ်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေခဲ့ပါတယ်။
စိန့်အက်တီယန်က ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး မွိုက်ကီးနစ်က ပြန်လည်ချေပခဲ့လို့သာ ပီအက်စ်ဂျီတို့ သရေတစ်မှတ်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ပီအက်စ်ဂျီဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ လိုင်ယွန်နဲ့ ၃ မှတ်ကွာအနေအထားကို ရောက်ရှိသွားခဲ့ပြီး ပိုချက်တီနိုကတော့ သူ့အအသင်းအနေနဲ့ ပွဲတိုင်းကို အနိုင်ရသင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
"ကျွန်တော်တို့ တိုးတက်မှုရှိနေရမှာပါ၊ လက်တွေ့လေ့ကျင့်မှုတွေအတိုင်း ကြိုးစားကစားခဲ့လို့တော့ ကျွန်တော်ပျော်ရွှင်မိပါတယ်၊ ဒီအားထုတ်မှုတွေအတွက်၊ သူတို့ရဲ့ စိတ်ထားခံယူချက်တွေအတွက် ကျေနပ်မိပါတယ်၊ တိုးတက်မှုတချို့ရှိပေမယ့်လည်း တိုးတက်ရမယ့်အရာတွေက အများကြီးပါ" လို့ ပိုချက်တီနိုက Telefoot ကို ပြောဆိုသွားခဲ့ပါတယ်။
ပီအက်စ်ဂျီကတော့ တူချယ်လ်ကို ထုတ်ပယ်ပြီး ပိုချက်တီနိုကို ခန့်အပ်ခဲ့တာဟာ ဥရောပအဆင့်အောင်မြင်မှုရရှိဖို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ တူချယ်လ်ကိုတောင် ထုတ်ပယ်ပစ်ခဲ့တာမို့ ပိုချက်တီနိုအနေနဲ့ အသင်းကို အဲဒီထက်မနိမ့်ကျအောင် ကိုင်တွယ်ပေးဖို့ တာဝန်ရှိနေပြီး ဖိအားတွေတော့ ရှိနေမှာ သေချာပါတယ်။