မနေ့ကမှ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ကိုင်လီယန်ဘတ်ပီနဲ့ ဟာလန်းတို့ကိုပါ ကျော်ဖြတ်ပြီးတော့ ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ယူရို ၁၆၅.၆ သန်းအထိ တန်ကြေးရှိတယ်လို့ CIES က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး ကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမားအဖြစ် CIES ရဲ့ သတ်မှတ်ချက်အရ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကိုင်လီယန်ဘတ်ပီနဲ့ ဟာလန်းတို့ကိုပါ ကျော်ဖြတ်ပြီးတော့ ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ယူရို ၁၆၅.၆ သန်းအထိ တန်ကြေးရှိတယ်လို့ CIES က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ 



ဒီလိုသတ်မှတ်မှုမှာတော့ ကစားသမားရဲ့ အသက်အရွယ်၊ လက်ကျန်စာချုပ်သက်တမ်းအစရှိတဲ့ အချက်တွေကို ထည့်သွင်းတွက်ချက်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တဲ့ ဘတ်ပီက တန်ဖိုးကျဆင်းသွားခဲ့ပြီး ယူရို ၁၄၉.၄ သန်းသာ ရှိတော့ပြီး အဆင့် ၅ နေရာအထိကို ရောက်ရှိသွားခဲ့ပါတယ်။


ဒုတိယနေရာမှာတော့ ဟာလန်းက ယူရို ၁၅၂ သန်းနဲ့ ရပ်တည်နေပြီး လီဗာပူးလ်နောက်ခံလူအာနိုးလ်က ယူရို ၁၅၁.၆ သန်း၊ ယူနိုက်တက်ကွင်းလယ်လူဖာနန်ဒက်စ်က ယူရို ၁၅၁.၁ သန်းနဲ့ အစဉ်လိုက်ရပ်တည်နေခဲ့ပါတယ်။ ဆိုခဲ့တဲ့အတိုင်း ကစားသမားတွေရဲ့ အသက်အရွယ်နဲ့ စာချုပ်သက်တမ်းအပြင် စွမ်းဆောင်ရည်၊ နိုင်ငံတကာပွဲစဉ်ကစားရမှု၊ ကစားသမားဘဝတိုးတက်မှုတွေလည်း ထည့်သွင်းတွက်ချက်ခဲ့တယ်လို့ CIES က ဖော်ပြခဲ့ပါတယ်။ 

တန်ဖိုးအရှိဆုံး ထိပ်ဆုံးကစားသမား ၂ဝဦးစာရင်းမှာ အင်္ဂလန်ကစားသမား ၇ ဦးအထိ ပါဝင်ခဲ့ပြီး အခြားသော ဘယ်နိုင်ငံတွေထက်မဆို ပိုမိုများပြားနေခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ စတာလင်၊ ဆာကာ၊ မေဆန်မောင့်၊ ဟယ်ရီကိန်း၊ အာနိုးလ်တို့ ပါဝင်ခဲ့ကြပါတယ်။ မက်ဆီကတော့ အဆင့် ၉၇ နေရာမှာ ရှိနေခဲ့ပြီး ရော်နယ်ဒိုကတော့ ထိပ်ဆုံး ၁၀၀ ဦးပြင်ပကို ရောက်ခဲ့ကာ အဆင့် ၁၃၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က