ငွေညှစ်တဲ့ ကိစ္စကြောင့် ရုံးတင်စစ်ဆေးခံရမှာပါ။

၂၀၁၅တုန်းက အသင်းဖော် ဗယ်လ်ဘူနာကို လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ဗီဒီယိုတစ်ခုကို အကြောင်းပြပြီး ငွေညှစ် ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

ရီးရဲမက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားဟာ လက်ရွေးစင် အသင်းဖော်တစ်ဦး ဖြစ်သူ ဗယ်လ်ဘူနာ ကို လိင်ကိစ္စ ပါဝင်နေတဲ့ ဗီဒီယိုကို အကြောင်းပြပြီး ငွေညှစ်တဲ့ လုပ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ကြောင့် ရုံးတင်စစ်ဆေးခံရတော့မယ်လို့ BBC SPORTသတင်းဌာနက ဖော်ပြလာပါတယ်။



ဘန်ဇီးမားအနေနဲ့ ဗယ်လ်ဘူနာကို လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်ပေါ် တင်လိုက်မယ်ဆိုပြီး ခြိမ်းခြောက် ငွေညှစ်မှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဥ်ကတော့ ၂၀၁၅ခုနှစ်တုန်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲ့နောက်ပိုင်းမှာတော့ ဘန်ဇီးမားဟာ ၂၀၁၈ ရုရှားမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ဖလား ပြိုင်ပွဲမှာလည်း ချန်ပီယံ ပြင်သစ်အသင်းအတွက် ရွေးချယ်ခြင်း မခံခဲ့ရပေ။

ဒီကိစ္စတွေဟာ အချိန်ကြာမြင့်နေပြီ ဖြစ်ပေမယ့်လည်း အမှုက မပြီးပြတ်သေးပဲ ရှိနေကာ ကြာသပတေးနေ့မှာ ရုံးတင် စစ်ဆေးခြင်း ခံရမယ်လို့ ပြင်သစ်အစိုးရရှေ့နေတစ်ဦးက ထုတ်ဖော်ပြောလာပါတယ်။

ဒါပေမယ့်လည်း ဘန်ဇီးမားရဲ့ ရှေ့နေဖြစ်သူကတော့ အံ့အားသင့်ခြင်း အလျဥ်းမရှိခဲ့ပေမယ့်လည်း ဆုံးဖြတ်ချက် အပေါ်မှာတော့ စိတ်ပျက်မိတယ်လို့ ဆိုလာပါတယ်။

ဘန်ဇီးမားကတော့ လက်ရှိ ရီးရဲအသင်းမှာ ၂၀၀၉ခုနှစ်မှ စတင်ပြီး ပါဝင်သမျှ ပွဲတိုင်း အားလုံးမှာ ၂၆၁ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။

သူနဲ့ ဗယ်လ်ဘူနာတို့ နှစ်ဦးမှာ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ အသင်းဖော်တွေအဖြစ် အတူတကွ ကစားခဲ့ကြသူတွေပါ။

ဒါ့အပြင် လိုင်ယွန်အသင်းမှာလည်း အတူတကွ ကစားခဲ့ဖူးကြပြီး လက်ရှိမှာတော့ ဗယ်လ်ဘူနာဟာလည်း ဂရိကလပ် အိုလံပီယာကော့စ်အသင်းမှာ ကစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က