ကြိုးစားအားထုတ်ဖို့ ပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ပြင်သစ်ကြယ်ပွင့်ဟာ ကမ္ဘာအ့ကောင်းဆုံးကစားသမားဖြစ်လာမယ့်သူလို့ သတ်မှတ်ခံထားရပြီး ပိုချက်တီနိုကတော့ သူ့ကစားသမားအနေနဲ့ မှတ်ကျောက်တင်ခံနိုင်ဖို့အတွက်ဆိုရင် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


ဘတ်ပီအနေနဲ့ ပီအက်စ်ဂျီရဲ့ ခေတ်သစ်တစ်ခုမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နိုင်ဖို့ဆိုရင် ကြိုးစားအားထုတ်ဖို့လိုကြောင်း နည်းပြသစ်ပိုချက်တီနိုက ပြောဆိုလိုက်ပါတယ်။ ပိုချက်တီနိုကတော့ နည်းပြသစ်အဖြစ်နဲ့ တစ်ပွဲတည်းသာ ကိုင်တွယ်ထားရသေးသူဖြစ်ပြီး အသင်းကို ဥရောပအဆင့်အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးရမှာလည်းဖြစ်ပါတယ်။ 

ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့အတွက် ဘတ်ပီက အသင်းရဲ့ အရေးပါတဲ့ကစားသမားအဖြစ်နဲ့ ရှိနေခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပြင်သစ်ကြယ်ပွင့်ဟာ ကမ္ဘာအ့ကောင်းဆုံးကစားသမားဖြစ်လာမယ့်သူလို့ သတ်မှတ်ခံထားရပြီး ပိုချက်တီနိုကတော့ သူ့ကစားသမားအနေနဲ့ မှတ်ကျောက်တင်ခံနိုင်ဖို့အတွက်ဆိုရင် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

"ကိုင်လီယန်က တခြားလူတွေလိုပဲ တိုးတက်ဖို့လိုအပ်နေပါတယ်၊ စိန့်အက်တီယန်နဲ့ပွဲမှာ ကျွန်တော်တို့အနိုင်မရခဲ့တဲ့အပေါ် သူ စိတ်ပျက်နေသင့်ပါတယ်၊ ပြီးတော့ သူက အမြဲတမ်းကောင်းအောင်ပြုလုပ်နိုင်သူပါ၊ ဒါပေမယ့်လည်း သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ခံယူချက်အပေါ်တော့ ကျွန်တော်ကျေနပ်ပျော်ရွှင်မိပါတယ်" လို့ ပိုချက်တီနိုက ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဘတ်ပီကတော့ စိန့်အက်တီယန်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ချေပဂိုးကို မွိုက်ကီးန်က သွင်းယူပေးခဲ့တာဖြစ်ပြီး ဘတ်ပီကတော့ တစ်ပွဲလုံးမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၂ရာသီဆက်တိုက် အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ဘတ်ပီဟာ ဒီရာသီမှာ လိဂ်ဂိုး ၁၂ ဂိုးအထိ ရရှိထားပြီး ရွှေဖိနပ်ဆုကို ၃ ကြိမ်ဆက်ရရှိဖို့ အခြေအနေကောင်းမွန်နေပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က