စပိန်စတုတ္ထတန်းကလပ်မှာတောင် ကစားနေရပါပြီ။
Pyae Phyo Thein

ဒရန်သီကတော့ ၀ိုင်နယ်ဒမ်နဲ့ တစ်ဝမ်းကွဲညီအစ်ကို၊ အဂ္ဂါဒေးဗစ်ရဲ့ တူတော်စပ်ပြီး ဘောလုံးသမားမျိုးရိုးစစ်စစ်ဖြစ်တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။ 


ရီးရဲလ်မက်ဒရစ်လို ကမ္ဘာကျော်အသင်းကြီးမှာ ကစားခွင့်ရခဲ့ပြိး ထင်ရှားခဲ့ဖူးတဲ့ ဟော်လန်ကစားသမားဟောင်းဒရန်သီဟာ စပိန်စတုတ္ထတန်းကလပ် ရေးဆင်းမာစီယာအသင်းမှာ ကစားဖို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒရန်သီဟာ ပြီးခဲ့့တဲ့လအတွင်းကမှ ဟော်လန်တရားရုံးမှာ ဒေဝါလီခံခဲ့ရသူလည်းဖြစ်ပါတယ်။

နာမည်ကျော်ကြားခဲ့တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ ဒရန်သီဟာ ဘဝကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေရတယ်လို့ ဆိုပါတယ်။ ချန်ပီယံရှစ်၊ တူရကီ နဲ့ အဘူဒါဘီတို့မှာလည်း ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဒရန်သီက ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ သရုပ်ဆောင်တစ်ဦးအဖြစ် ကြိုးစားလုပ်ကိုင်ခဲ့ပြီး ဂီတသမားဘဝကို စတင်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း သူဟာ ၂၀၁၈ မှာ စပါတာရော့တာဒမ်နဲ့အတူ ဒတ်ချ်ဒုတိယတန်းမှာ ကစားသမားဘဝကို ပြန်လည်စတင်ခဲ့ပြီး အဲဒီကမှတဆင့် နယ်သာလန်တတိယတန်းကလပ် Kozakken Boys အသင်းမှာ ထပ်ကစားခဲ့ရပါတယ်။ အခုအခါမှာတော့ သူဟာ စပိန်ကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကာ လူမွဲစာရင်းခံခဲ့ပြီးနောက် ဘဝကို ပြန်စတင်ရတော့မှာပဲဖြစ်ပါတယ်။ 

ဒရန်သီဟာ စုဆောင်းထားတဲ့ငွေကြေး ပေါင် ၃.၂သန်းအထိ ဆုံးရှုံးခဲ့ပြီးနောက် လူမွဲစာရင်းခံခဲ့တာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ပေါင် ၁၂.၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြိး ၆၅ ပွဲကစားပေးခဲ့ရာမှာ ၄ ဂိုးသွင်းပြိး ၅ ကြိမ်ဖန်တီးပေးခဲ့တဲ့ ဒရန်သီဟာ အဲဗာတန်ကို အငှားနဲ့လာကစားခဲ့ရာမှာလည်း ၂၁ပွဲကစားပေးခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

ဒရန်သီကတော့ ၀ိုင်နယ်ဒမ်နဲ့ တစ်ဝမ်းကွဲညီအစ်ကို၊ အဂ္ဂါဒေးဗစ်ရဲ့ တူတော်စပ်ပြီး ဘောလုံးသမားမျိုးရိုးစစ်စစ်ဖြစ်တယ်လို့ ဆိုရမှာလည်းဖြစ်ပါတယ်။ 


Author


က္က