အေစီမီလန်နဲ့ပွဲက စွမ်းဆောင်ရည်ကို ချီးကျူးခဲ့တာပါ။
Pyae Phyo Thein

အေစီမီလန်နဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ ဘောလုံးပေးပို့မှု တိကျပုံတွေကြောင့် ပြိုင်ဘက်အသင်းကို ဖိအားပိုမိုပေးနိုင်ခဲ့တဲ့အပေါ်မှာ ချီယေဆာက အသိအမှတ်ပြုချီးကျူးခဲ့တာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းတိုက်စစ်ကစားသမားချီယေဆာက အသင်းဖော်ရော်နယ်ဒိုဟာ အခြားသူတွေမမြင်နိုင်တဲ့အရာတွေကို မြင်တွေ့နိုင်စွမ်းရှိသူဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ အေစီမီလန်နဲ့ပွဲမှာ ရော်နယ်ဒိုရဲ့ ဘောလုံးပေးပို့မှု တိကျပုံတွေကြောင့် ပြိုင်ဘက်အသင်းကို ဖိအားပိုမိုပေးနိုင်ခဲ့တဲ့အပေါ်မှာ ချီယေဆာက အသိအမှတ်ပြုချီးကျူးခဲ့တာဖြစ်ပါတယ်။

ဆန်စီရိုမှာ ဂျူဗင်တပ်စ်က ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ချီယေဆာက နှစ်ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ရော်နယ်ဒိုက သွင်းဂိုးနဲ့ ဖန်တီးပေးနိုင်မှုမရှိခဲ့ပေမယ့်လည်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လူငယ်ကစားသမားမက်ကင်နီကို ပေးပို့ခဲ့ပုံက ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ကာ ချီယေဆာကလည်း ရော်နယ်ဒိုရဲ့ အမြင်စူးရှမှုကြောင့် အသင်းအကျိုးရှိခဲ့တယ်လို့ ပွဲအပြီးမှာပြောဆိုခဲ့ပါတယ်။ 

"အရာအားလုံးထက်သာလွန်ပြီး အဲဒါက အဆက်မပြတ်တဲ့ စွမ်းဆောင်ရည်ပါ၊ ခင်ဗျားအနေနဲ့ ဂိုးမသွင်းနိုင်ခဲ့ရင်တောင်မှ အကောင်းဆုံးကစားနိုင်ရပါမယ်၊ ခင်ဗျားမှာရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းအကုန်လုံးကို အသုံးချပြီး ကစားမယ်ဆိုရင် သွင်းဂိုးတွေနဲ့ ရလဒ်ကောင်းတွေရရှိလာမှာပါပဲ၊ နည်းပြက ကျွန်တော်တို့ကို နေရာလွတ်တွေထဲ ရောက်အောင်သွားဖို့ ပြောဆိုခဲ့ပါတယ်"

'ဘာလို့လဲဆိုတော့ ရော်နယ်ဒိုနဲ့ ဒီဘာလာတို့လို ကစားသမားတွေက တခြားသူတွေမမြင်တွေ့နိုင်တာကို မြင်တွေ့နိုင်စွမ်းရှိသူတွေဖြစ်နေလို့ပါပဲ" လို့ ချီယေဆာက Football Italia ကို ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ အေစီမီလန်နဲ့ပွဲမှာ ဘောလုံးပေးပို့ပုံတိကျမှု ၉၄% ရှိခဲ့ပြီး တစ်ဦးချင်း ၂ကြိမ်ကျော်ဖြတ်ခဲ့ရာမှာ ၂ကြိမ်စလုံးကို အောင်မြင်ခဲ့ပါတယ်။

အရေးပါတဲ့ ပေးပို့မှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အခွင့်အလမ်းတစ်ကြိမ်ဖန်တီးပေးနိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရသိရပါတယ်။ အသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း အကောင်းဆုံးကစားပေးနိုင်ခဲ့တာဖြစ်ပြီး အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ 


Author


က္က