၃-၂ဂိုးနဲ့ မိုချမ်ကို အရေးနိမ့်ခဲ့တာပါ။
Kyaw Ko Ko Sint

ယနေ့မှာ လိုက်ပ်ဇစ်အသင်းက ဒေါ့မွန်ကို အနိုင်ကစားနိုင်ခဲ့ပါက လက်ရှိ ယူထားတဲ့ ပထမနေရာကို ဘိုင်ယန်အ သင်း လက်လွှဲပေးရတော့မှာပါ။

ဘွန်ဒက်လီဂါ ဘုရင်ကြီး ဘိုင်ယန်မြူးနစ်ကတော့ အဝေးကွင်းမှာ ပြိုင်ဖက်ကို ၂ဂိုးအရင်သွင်းထားပြီးကာမှ ၃ဂိုး အထိ ပြန်ပေးလိုက်ရပြီး ယခုနှစ်ရာသီ ဒုတိယမြောက်ရှုံးပွဲကြုံခဲ့ရပါတယ်။



တိုက်စစ်မှူး လီဝန်ဒေါစကီးက ပင်နယ်တီကတဆင့် မိနစ် ၂၀မှာတစ်ဂိုး၊၆မိနစ်အကြာမှာ ဂေါ်ရက်ဇ်ကာက နောက်ထပ်တစ်ဂိုး သွင်းယူခဲ့ကြတာပါ။

ဒါပေမယ့်လည်း ၃၅၊၄၅နဲ့၄၉မိနစ်တွေမှာ မိုချမ်အသင်းက ၃ဂိုးဆက်တိုက် ပြန်သွင်းယူနိုင်ခဲ့လို့ ပွဲအပြီးမှာ ဘိုင်ယန် အသင်းရှုံးပွဲကြုံလိုက်ရတာပါ။

ဒီရှုံးပွဲက ယခုနှစ်ရာသီရဲ့ ဒုတိယမြောက်လိဂ်ရှုံးပွဲဖြစ်ပေမယ့် နည်းပြ ဟန်ဆီဖလစ်ခ်ရဲ့ လက်ထက်မှာတော့ ၄ပွဲ မြောက်ရှုံးပွဲလည်း ဖြစ်လာပါတယ်။

ဖလစ်ခ်ဟာ မနှစ်က အသင်းကို ဖလား ၃လုံး ရရှိအောင်စွမ်းဆောင်ပြနိုင်ခဲ့တဲ့ နည်းပြ တစ်ဦးဖြစ်ပြီး ယခုနှစ်မှာ လည်း လိဂ်ကို ဆက်လက်ဦးဆောင်နေဆဲပါ။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကိုလည်း တက်လှမ်းထားနိုင်ပြီ ဖြစ်သလို လိဂ်မှာလည်း ထိပ်ဆုံးကနေ ဦးဆောင်ထားနေဆဲပါ။

ဒါပေမယ့်လည်း လိုက်ပ်ဇစ်အသင်းက တစ်ပွဲလျော့နေလို့ ယနေ့မှာ ဒေါ့မွန်ကို အနိုင်ရခဲ့ပါက ဒုတိယနေရာကို ဆင်းပေးရတော့မှာပါ။


Author


က္က