ထူးခြားတဲ့စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။
Pyae Phyo Thein

အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ ၂၀၀၆-၀၇ ဘောလုံးရာသီက လာလီဂါသွင်းဂိုး ၁၄ ဂိုးသွင်းယူခဲ့ပြီး အဆိုပါရာသီကစတင််ကာ တစ်ရာသီကို အနည်းဆုံး ၁၀ ဂိုးနဲ့အထက် သွင်းယူနေခဲ့တာဖြစ်ပါတယ်။


ဂရန်နာဒါကို လေးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘာစီလိုနာအတွက် နှစ်ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီးနောက် မက်ဆီဟာ ၁၅ ရာသီဆက်တိုက် လာလီဂါမှာ အနည်းဆုံး ၁၀ နဲ့အထက် သွင်းယူနိုင်တဲ့ စံချိန်ကို ရရှိခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးနှစ်ပွဲဆက်တိုက် တစ်ပွဲကို နှစ်ဂိုးစီသွင်းယူခဲ့တဲ့ မက်ဆီရဲ့ ဒီရာသီလာလီဂါသွင်းဂိုးက ၁၁ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ ၂၀၂၁ ခုနှစ်အတွင်း ပုံမှန်ခြေစွမ်းပြန်လည်ပြသနေပြီး ရာသီအစမှာ ရုန်းကန်ခဲ့ရမှုတွေကို ချေဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ရာသီအစောပိုင်းတုန်းက ပယ်နယ်တီသွင်းဂိုးတွေသာ ရရှိခဲ့ပြီး ကစားကွက်ကတဆင့် ဂိုးမသွင်းနိုင်ဘူးလို့ ဝေဖန်ခံနေခဲ့ရတဲ့ မက်ဆီဟာ စာချုပ်သက်တမ်းနောက်ဆုံးအပိုင်းအခြားကာလမှာ ပင်ကိုယ်ခြေစွမ်းကို ပြန်လည်ရရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ ၂၀၀၆-၀၇ ဘောလုံးရာသီက လာလီဂါသွင်းဂိုး ၁၄ ဂိုးသွင်းယူခဲ့ပြီး အဆိုပါရာသီကစတင််ကာ တစ်ရာသီကို အနည်းဆုံး ၁၀ ဂိုးနဲ့အထက် သွင်းယူနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၁-၁၂ ဘောလုံးရာသီမှာတော့ မက်ဆီက လာလီဂါသွင်းဂိုးပေါင်း ၅၀ အထိ စံချိန်တင်ရရှိခဲ့ပြီး သူ့ရဲ့ကစားသမားဘဝမှာ ဂိုးအသွင်းနိုင်ဆုံးဘောလုံးရာသီလည်းဖြစ်ခဲ့ပါတယ်။ 

ဂရစ်မန်းက နှစ်ဂိုးသွင်းယူပေးခဲ့လို့ ဘာစီလိုနာတို့ အဝေးကွင်းမှာ ၄ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အဆင့် ၃ နေရာမှာဆက်လက်ရှိနေခဲ့ကာ တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ်က သရေကျခဲ့လို့ သူတို့နှစ်သင်းကြားမှာ ရမှတ်တစ်မှတ်သာ ကွာဟပါတော့တယ်။ အက်သလက်တီကိုမက်ဒရစ်က အဆိုပါနှစ်သင်းလုံးထက် ၃ပွဲလျော့ကစားထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေဆဲလည်းဖြစ်ပါတယ်။ 

ဘာစီလိုနာကတော့ လာမယ့်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုဆီဒက်နဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲကစားရမှာဖြစ်ပြီး နောက်တစ်ပတ်အကြာမှာ ကော်နယ်လာအသင်းနဲ့ ကိုပါဒယ်ရေး ၃၂ သင်းအဆင့်ပွဲစဉ်ကို ဆက်လက်ကစားသွားရမှာဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


Author


က္က