တစ်ဂိုးအသာနဲ့ အသာစီးရယူခဲ့တာပါ။

မက်ဆီဟာ ကလပ်ကစားသမားဘဝမှာ Free Kick ကတဆင့် ၄၈ ဂိုးသွင်းယူခဲ့ရာမှာ လာလီဂါမှာ ၃၇ ဂိုးအထိ ရရှိခဲ့ပြီး အခြားသောပြိုင်ပွဲအရပ်ရပ်မှာ ၁၁ ဂိုးအထိ ရရှိခဲ့ပါတယ်။


ဂရန်နာဒါနဲ့ပွဲမှာ အသင်းအတွက် အလွတ်တည်ကန်ဘောကတဆင့် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ကလပ်ကစားသမားဘဝမှာ အလွတ်တည်ကန်ဘောသွင်းဂိုး ၄၈ ဂိုးအထိ ရရှိသွားခဲ့ပြီလို့ သိရှိရပါတယ်။ ဘာစီလိုနာက ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပြီး ဒီမှတ်တမ်းဟာ သူ့ရဲ့ပြိုင်ဘက်ကြီးရော်နယ်ဒိုကို အသာရယူနိုင်မှုလည်းဖြစ်လာခဲ့ပါတယ်။



မက်ဆီဟာ ကလပ်ကစားသမားဘဝမှာ Free Kick ကတဆင့် ၄၈ ဂိုးသွင်းယူခဲ့ရာမှာ လာလီဂါမှာ ၃၇ ဂိုးအထိ ရရှိခဲ့ပြီး အခြားသောပြိုင်ပွဲအရပ်ရပ်မှာ ၁၁ ဂိုးအထိ ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ကလပ်ကစားသမားဘဝမှာ Free Kick ၄၇ ဂိုးရရှိထားတာဖြစ်ပြီး မက်ဆီက တစ်ဂိုးအသာနဲ့ နှာတဖျားအသာယူသွားခဲ့တာလည်းဖြစ်ပါတယ်။ 

နောက်ဆုံး ၂ပွဲမှာ ၄ ဂိုးအထိ မက်ဆီက သွင်းယူနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်းမှာ ခြေစွမ်းပြသနေခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီရဲ့ ၂၀၂၀ အတွင်း ကစားခဲ့တဲ့ လာလီဂါပွဲတွေမှာ မက်ဆီက ၇ ဂိုးသာ ရရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ ၃ပွဲကစားအပြီး ၄ ဂိုးရရှိခဲ့ကာ ခြေစွမ်းပိုင်းအရ ပိုမိုကောင်းမွန်လာပြီလို့ ယူဆရပါတယ်။ 

အသက် ၃၃ နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေသူလည်းဖြစ်ပါတယ်။ ရာသီကုန်မှာ အသင်းကထွက်ခွာမယ်လို့ ရေပန်းစားနေသူဖြစ်ပြီး လက်ရှိအတိုင်းသာ ခြေစွမ်းပြသနေမယ်ဆိုရင်တော့ ဘာစီလိုနာအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုဖြစ်လာတော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးတစ်ပြားတစ်ချပ်မှ မရရှိဘဲ လက်လွှတ်ရမှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က