ဒီထက်မက တိုးတက်လာဦးမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Pyae Phyo Thein

ဟာလန်းပြသခဲ့တဲ့ ခြေစွမ်းတွေအပေါ်မှာ လိုက်ဇစ်နည်းပြနာဂယ်စမန်းက ဘယ်လိုမှလျစ်လျူရှုမထားနိုင်ဘဲ ချီးကျူးပြောဆိုခဲ့ရပြီး နော်ဝေကြယ်ပွင့်ရဲ့ ဂုဏ်သတင်းဟာ ဘွန်ဒက်လီဂါမှာ ပိုမိုမွှေးပျံ့လာခဲ့ပြီလည်းဖြစ်ပါတယ်။ 


ဒေါ့မွန်တိုက်စစ်မှူးဟာလန်းဟာ ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်လာဦးမယ်လို့ လိုက်ဇစ်နည်းပြနာဂယ်စမန်းက ပြောဆိုလိုက်ပါတယ်။ အိမ်ကွင်းမှာပဲ ဒေါ့မွန်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နာဂယ်စမန်းက ပြိုင်ဘက်ကစားသမားကို ချီးကျူးပြောဆိုခဲ့တာဖြစ်ပြိး ဟာလန်းက သူ့ရဲ့အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

ဒီပွဲကို အရေးနိမ့်ခဲ့လို့ လိုက်ဇစ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဟာလန်းပြသခဲ့တဲ့ ခြေစွမ်းတွေအပေါ်မှာ လိုက်ဇစ်နည်းပြနာဂယ်စမန်းက ဘယ်လိုမှလျစ်လျူရှုမထားနိုင်ဘဲ ချီးကျူးပြောဆိုခဲ့ရပြီး နော်ဝေကြယ်ပွင့်ရဲ့ ဂုဏ်သတင်းဟာ ဘွန်ဒက်လီဂါမှာ ပိုမိုမွှေးပျံ့လာခဲ့ပြီလည်းဖြစ်ပါတယ်။ 

"အာလင်းကို ကျွန်တော်တို့ ဟန့်တားနိုင်ပါတယ်၊ ဒါပေမယ့်လည်း လေးယောက်တစ်ယောက်ဖြစ်နေတဲ့ အနေအထားမှာတောင် သူ့အတွက် နေရာလွတ်တွေက ရနေပါသေးတယ်၊ သူက တကယ့်ကို ထူးခြားတဲ့ တိုက်စစ်မှူးပါပဲ၊ ဒါကြောင့်လည်း သူ့ကို ကျွန်တော်တို့ အလိုရှိခဲ့တာပေါ့၊ အရမ်းလိုချင်ခဲ့တာပါ၊ ဒေါ့မွန်က သူ့ကို အရခေါ်ယူနိုင်ခဲ့ပါတယ်"

"သူက ဘွန်ဒက်လီဂါ ၂၅ ပွဲမှာ၂၅ ဂိုးသွင်းပြီးပြီလို့ ကျွန်တော်သိရပါတယ်၊ တကယ်ကို ထူးခြားပါတယ်၊ တကယ့်ကို စစ်မှန်ထူးခြားတဲ့အရာပါ၊ မယုံကြည်နိုင်လောက်စရာ ကိန်းဂဏန်းအချက်အလက်လည်းဖြစ်ပါတယ်" လို့ နာဂယ်စမန်းက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီကလည်း လိုက်ဇစ်အသင်းဘက်ကို ၂ ဂိုးသွင်းယူခဲ့ဖူးသူဖြစ်ပါတယ်။ 

"ဒါက သူ့အတွက်တော့ ကျွန်တော်တို့ကို ပထမဆုံးသွင်းယူနိုင်တာမဟုတ်ပါဘူး၊ သူ့မှာ ထိတ်လန့်စရာအရည်အသွေးရှိပြီး အရမ်းငယ်ရွယ်ပါသေးတယ်၊ ဒါကြောင့် သူက သေချာပေါက်တိုးတက်လာဦးမယ့်သူပါ၊ ဒီထက်မကပိုပြီးတော့ကောင်းလာဦးမှာပါ" လို့ နာဂယ်စမန်းက ထပ်ပြောခဲ့ပါတယ်။ ဟာလန်းကတော့ ဒီရာသီမှာ ဒေါ့မွန်အတွက် ၁၀ ပွဲကစားပေးထားပြီး လိဂ်ဂိုး ၁၂ဂိုးအထိ ရရှိထားပြီးဖြစ်ပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က