တိုရီနိုနဲ့ပွဲမှာ ပြုလုပ်ပြခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ရုပ်သံကင်မရာတွေကလည်း မီလန်မြို့ရဲ့ နတ်ဘုရားကြီးကို အမိအရရိုက်ကူးနေခဲ့ပြီး ဇလာတန်က အားမာန်အပြည့်နဲ့ ပြုလုပ်ခဲ့တာကို ပရိသတ်တွေမြင်တွေ့ခဲ့ရကာ အဆိုပါမြင်ကွင်းက တွစ်တာပေါ်မှာတော့ ရေပန်းစားနေခဲ့ပါတယ်။


အေစီမီလန်အသင်းတိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် မနေ့ညက ကစားခဲ့တဲ့ တိုရီနိုနဲ့ပွဲမှာ လူစားဝင်ကစားသွားခဲ့ပါတယ်။ အသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ နိုဝင်ဘာလအတွင်းက ကစားခဲ့တဲ့ နာပိုလီနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာလအနည်းငယ်ကြာ အနားယူခဲ့ရတာဖြစ်ပါတယ်။ 

ဆွီဒင်သားကြီးဟာ အသင်းအတွက် ပွဲပေါင်း ၁၁ ပွဲအထိ လွဲချော်ခဲ့ရပြီး ခြေစွမ်းပြနေချိန်မှာ အနားယူခဲ့ရတာဖြစ်လို့ အသင်းအတွက်လည်း နစ်နာခဲ့ရပါတယ်။ ဒီရာသီမှာ အေစီမီလန်အတွက် ဇလာတန်က ၁၀ ဂိုးအထိ စီးရီးအေမှာ သွင်းယူပေးထားခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေးထားခဲ့ပါတယ်။

မနေ့ကပွဲမှာတော့ ဇလာတန်ဟာ လူစားဝင်ကစားဖို့အတွက် သွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့ရာမှာတော့ အများနဲ့မတူဘဲ တမူထူးခြားနေခဲ့ပါတယ်။ ဇလာတန်ဟာ အသင်းနည်းပြအဖွဲ့ဝင်တစ်ဦးနဲ့အတူ ကွင်းဘေးနားမှာ သွေးပူလေ့ကျင့်နေခဲ့ပြီး အဆိုပါဝန်ထမ်းရဲ့ ခေါင်းပေါ်ကို သူ့ခြေထောက်ကျော်အောင်အထိ မြှောက်ကာ လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ 



ရုပ်သံကင်မရာတွေကလည်း မီလန်မြို့ရဲ့ နတ်ဘုရားကြီးကို အမိအရရိုက်ကူးနေခဲ့ပြီး ဇလာတန်က အားမာန်အပြည့်နဲ့ ပြုလုပ်ခဲ့တာကို ပရိသတ်တွေမြင်တွေ့ခဲ့ရကာ အဆိုပါမြင်ကွင်းက တွစ်တာပေါ်မှာတော့ ရေပန်းစားနေခဲ့ပါတယ်။ တိုက်ကွမ်ဒိုမှာ ခါးပတ်နတ်အဆင့်ထိ ပေါက်ရောက်အောင်မြင်ထားတဲ့ ဇလာတန်အတွက်တော့ ဒါဟာ သိပ်ပြီးထူးခြားမှုရှိနေမှာမဟုတ်ပေမယ့်လည်း အခြားကစားသမားတွေနဲ့မတူညီတဲ့ လေ့ကျင့်မှုမျိုးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ပွဲကစားချိန်အတွင်းမှာလည်း အမြင့်ကကျလာတဲ့ ဘောလုံးကို ခြေထောက်မြှောက်ပြီး တားယူကာ ထိန်းသိမ်းမှုတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ ဇလာတန်ရဲ့ စွမ်းရည်က ဘယ်လိုကြောင့်လဲဆိုတာကို ပရိသတ်တွေလည်း ကောင်းကောင်းသိရှိသွားခဲ့ရပါတယ်။ အရပ်အမြင့် ခြောက်ပေနဲ့ ငါးလက်မရှိတဲ့ ဇလာတန်ဟာ ဒီအားသာချက်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က