ဂျိုးဆက်ဘိုင်ကန်နဲ့အတူ ပူးတွဲရပ်တည်နေတာပါ။

ဒီစံချိန်ကို ရရှိဖို့ အပတ်တကုပ်ကြိုးစားအားထုတ်ခဲ့မှုတွေရဲ့ ရလဒ်ကို ရော်နယ်ဒိုက ခံစားနိုင်ခဲ့ပြီဖြစ်ကာ အားလုံးရဲ့ထိပ်ဆုံးမှာ ရပ်တည်ချင်တဲ့ သူ့ရဲ့ဆန္ဒတစ်ခုကိုလည်း အကောင်အထည်ဖော်နိုုင်ခဲ့တာဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ ဆာဆူအိုလိုနဲ့ပွဲမှာ အသင်းအတွက်အနိုင်ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် ၉ဝပြည့်အပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီသားအတွက် ဂုဏ်ယူဝံ့ကြွားဖွယ်စံချိန်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ 



ပီလီရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ထားနိုင်ခဲ့ပြီးဖြစ်တဲ့ ရော်နယ်ဒိုဟာ ဒီရာသီအတွက် စီးရီးအေ ၁၅ ဂိုးမြောက် သွင်းဂိုးကို ရယူနိုင်ခဲ့တာဖြစ်ပြိး နောက်ဆုံးဘောလုံးရာသီ ၁၅ ရာသီဆက်တိုက် အနည်းဆုံးသွင်းဂိုး ၁၅ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကိုလည်း ရရှိခဲ့ကာ အံ့အားသင့်ဖွယ်ရာ ဂိုးသွင်းစံချိန်တွေကို တစ်ပြိုင်နက်တည်း ရယူနိုင်ခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

ရော်နယ်ဒိုရဲ့ ကစားသမားဘဝ သွင်းဂိုးစုစုပေါင်းဟာ ၇၅၉ အထိ ရှိသွားခဲ့ပြီဖြစ်ပြီး ဂျိုးဆက်ဘိုင်ကန်နဲ့အတူ ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲရပ်တည်နေခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီစံချိန်ကို ရရှိဖို့ အပတ်တကုပ်ကြိုးစားအားထုတ်ခဲ့မှုတွေရဲ့ ရလဒ်ကို ရော်နယ်ဒိုက ခံစားနိုင်ခဲ့ပြီဖြစ်ကာ အားလုံးရဲ့ထိပ်ဆုံးမှာ ရပ်တည်ချင်တဲ့ သူ့ရဲ့ဆန္ဒတစ်ခုကိုလည်း အကောင်အထည်ဖော်နိုုင်ခဲ့တာဖြစ်ပါတယ်။ 

လာမယ့်ပွဲမှာသာ တစ်ဂိုးသွင်းနိုင်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ လွတ်လွတ်ကျွတ်ကျွတ်နဲ့ ဦးဆောင်နိုင်တော့မှာလည်းဖြစ်ပါတယ်။ အသက်အရွယ်ရလာလေလေ ပိုမိုကောင်းမွန်တဲ့ပုံစံကို ပြသလေလေဖြစ်နေတဲ့ ရော်နယ်ဒိုဟာ ထိပ်တန်းအဆင့်ခြေစွမ်းမျိုးကို ပြသနေဆဲဖြစ်ပြီး သွင်းဂိုးတွေနဲ့ မွေ့လျော်နေဆဲဖြစ်ပါတယ်။ 


ဂျူဗင်တပ်စ်အနေနဲ့ ဆာဆူအိုလိုနဲ့့ပွဲစဉ် ပထမပိုင်းမှာ ကစားရတာခက်ခဲနေခဲ့ပေမယ့် ပြိုင်ဘက်အသင်းကစားသမားတစ်ဦး အနီကတ်ပြထုတ်ပယ်ခံရပြီးနောက်မှာ ပွဲကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒန်နီလိုက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ပြန်လည်ချေပခံခဲ့ရပြီး ရမ်ဆေးက ၈၂ မိနစ်မှာ နောက်ထပ်ဦးဆောင်ဂိုးသွင်းကာ ရော်နယ်ဒိုက ပွဲသိမ်းဂိုးသွင်းယူပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က