ပြိုင်ဘက်ဂိုးသမားထက် သာလွန်အောင်ကို ခုန်နိုင်ခဲ့တာပါ။
Pyae Phyo Thein

ရီးရဲလ်ကစားသမားဘဝမှာ အသင်းဟောင်းယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်၊ ပြီးခဲ့တဲ့ရာသီက ဆမ်ဒိုးရီးယားအသင်းနဲ့ပွဲစဉ်၊ ဒီရာသီမှာဆိုရင်လည်း ပါးမားနဲ့ပွဲစဉ်တွေမှာ အခုလိုပဲ အံ့အားသင့်ဖွယ်ရာခေါင်းတိုက်စွမ်းရည်မျိုးကို ပြသခဲ့ဖူးပါတယ်။ 


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုကတော့ ဆာဆူအိုလိုနဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူပြီး ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂျိုးဆက်ဘိုင်ကန်နဲ့အတူ ပူးတွဲရပ်တည်သွားခဲ့ပြီဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝသွင်းဂိုးပေါင်း ၇၅၉ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး နောက်ထပ်တစ်ဂိုးရရှိခဲ့မယ်ဆိုရင်တော့ ဘိုင်ကန်ကိုပါ ကျော်ဖြတ်နိုင်တော့မှာဖြစ်ပါတယ်။ 



ဆာဆူအိုလိုနဲ့ပွဲမှာတော့ ရော်နယ်ဒိုဟာ ပွဲချိန်နှောင်းပိုင်းမှသာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အဲဒီမတိုင်ခင်ကတည်းက ဂိုးရဖို့နီးစပ်ခဲ့တာပါ။ ပွဲကစားချိန် ၈ မိနစ် မှာ ရော်နယ်ဒိုက မယုံကြည်နိုင်စရာအားထုတ်မှုနဲ့အတူ ဂိုးရဖို့နီးစပ်ခဲ့ပေမယ့် သူ့ရဲ့ခေါင်းတိုက်ချက်က ဘားတန်းကျော်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ခေါင်းတိုက်ဂိုးသွင်းယူဖို့ ရော်နယ်ဒိုရဲ့ အားထုတ်ခဲ့မှုဟာ ပရိသတ်တွေကို ပါးစပ်အဟောင်းသားတော့ ဖြစ်စေခဲ့ပါတယ်။ 


ဘယ်ခြမ်းကနေ ဒီဘာလက ဖြတ်တင်ပေးပိုခဲ့ချိန်မှာ ရော်နယ်ဒိုက ခေါင်းခုန်တိုက်ခဲ့ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဆာဆူအိုလိုဂိုးသမားက ဘောလုံးကိုပုတ်ထုတ်ဖို့ပြေးထွက်လာခဲ့ပြီး ရော်နယ်ဒိုနဲ့အပြိုင် ခုန်ခဲ့ပြီး လက်နဲ့ဟန့်တားနိုင်ဖို့ပါ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက လက်ကိုပါဆန့်တန်းထားခဲ့တဲ့ ဆာဆူအိုလိုဂိုးသမားထက် ပိုမြင့်အောင်တောင် ခုန်နိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းရည်ကို ပြသသွားနိုင်ခဲ့ပါတယ်။ 

ဆာဆူအိုလိုဂိုးသမားရဲ့ လက်ဟာ ရော်နယ်ဒိုရဲ့ ခေါင်းနဲ့တန်းတူနီးပါးအနေအထားမှာသာ ရှိခဲ့ပြီး ပေါ်တူဂီသားက အသာစီးရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ခေါင်းတိုက်ချက်ကတော့ ဘားတန်းပေါ်က ကျော်ခဲ့ပြီး ဂိုးရနိုင်မယ့် အခွင့်အလမ်းဆုံးရှုံးခဲ့ရပါတယ်။ ပရိသတ်တွေကတော့ လူမှုကွန်ရက်ပေါ်မှာ အဆိုပါစွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝမှာ အခုလိုပုံစံမျိုးကို မကြာခဏဆိုသလို ပြုလုပ်ပြနေခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ကစားသမားဘဝမှာ အသင်းဟောင်းယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ်၊ ပြီးခဲ့တဲ့ရာသီက ဆမ်ဒိုးရီးယားအသင်းနဲ့ပွဲစဉ်၊ ဒီရာသီမှာဆိုရင်လည်း ပါးမားနဲ့ပွဲစဉ်တွေမှာ အခုလိုပဲ အံ့အားသင့်ဖွယ်ရာခေါင်းတိုက်စွမ်းရည်မျိုးကို ပြသခဲ့ဖူးပါတယ်။ 


Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က