သူ့ရဲ့ခြေစွမ်းပြမှုတွေက မက်ဆီကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီရာသီမှာ ၁၈ ပွဲအထိ ကစားပေးထားပြီး ၂ဂိုးသွင်းကာ ၂ဂိုးဖန်တီးပေးထားတဲ့ ပက်ဒရီဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ထူးရှယ်ခြေစွမ်းတွေကို ပြသနေခဲ့တာလည်းဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားပေးနေတဲ့ လူငယ်ကစားသမားပက်ဒရီဟာ မက်ဆီကို အသင်းကထွက်ခွာသွားခြင်းမရှိအောင် ပြုလုပ်နိုင်စွမ်းရှိသူဖြစ်လာလိမ့်မယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြလိုက်ပါတယ်။ ပက်ဒရီဟာ ဘာစီလိုနာအတွက် ၂၀၂၁ ခုနှစ်ထဲမှာ ထူးထူးခြားခြားခြေစွမ်းပြနေသူဖြစ်ပြီး ကိုးမန်းရဲ့ ယုံကြည်မှုကို ရရှိလာခဲ့သူဖြစ်ပါတယ်။ 



၂၀၁၉ ခုနှစ်အတွင်းကမှ လာ့ပါးမက်စ်အသင်းကနေ ဘာစီလိုနာကို ယူရို ၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ကိုးမန်းလက်ထက်မှာ ပွဲထွက်ခွင့်ရရှိနေခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ၁၈ ပွဲအထိ ကစားပေးထားပြီး ၂ဂိုးသွင်းကာ ၂ဂိုးဖန်တီးပေးထားတဲ့ ပက်ဒရီဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ထူးရှယ်ခြေစွမ်းတွေကို ပြသနေခဲ့တာလည်းဖြစ်ပါတယ်။ 

မက်ဆီကတော့ ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အလွတ်ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီအပြီး အသင်းကထွက်ခွာဖို့ မက်ဆီက တောင်းဆိုခဲ့ပေမယ့် စာချုပ်ပါအချက်အလက်တချို့နဲ့ ဘာစီလိုနာက ဟန့်တားခဲ့လို့ အသင်းမှာ ဆက်လက်ရှိနေခဲ့ကာ ရာသီကုန်မှာ နူးကမ့်ကထွက်ခွာမယ်လို့ ရေပန်းစားနေသူဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဒီနှစ်အစမှာ ဘာစီလိုနာက လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိနေပြီး အသင်းတွင်းမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေ ပေါ်ထွက်လာတာက မက်ဆီရဲ့ စိတ်ကို အပြောင်းအလဲဖြစ်စေနိုင်တယ်လို့ Marca က သုံးသပ်ခဲ့ပါတယ်။ အထူးသဖြင့် ပက်ဒရီရဲ့ စိတ်လှုပ်ရှားဖွယ်ခြေစွမ်းက မက်ဆီကို ဆွဲဆောင်နိုင်စွမ်းရှိမယ်လို့လည်း စပိန်နာမည်ကျော်သတင်းစာက ယုံကြည်နေပုံရပါတယ်။ 

မက်ဆီဟာ သူနဲ့အတူတွဲဖက်ကစားခဲ့တဲ့ အင်နီယေစတာ၊ ဇာဗီ၊ နေမာတို့ မရှိတော့ပေမယ့် အသင်းမှာဆက်လက်ရှိနေခဲ့ပါတယ်။ ဒီရာသီမှာတော့ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဆွာရက်ဇ်ကလည်း အက်သလက်တီကိုကို ပြောင်းရွှေ့ခဲ့ရပြီး ဒီအပေါ်မှာ မကျေမနပ်ဖြစ်ခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ



က္က