၁၅နှစ်ဆက်တိုက် လိဂ်သွင်းဂိုး ၁၀ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့ပါပြီ။
Kyaw Ko Ko Sint

ယခုနှစ် ဘောလုံးရာသီမှာ ရော်နယ်ဒိုက လိဂ် ၁၃ပွဲကစားအပြီး ၁၅ဂိုးသွင်းထားကာ မက်ဆီကတော့ ၁၇ပွဲကစား ၁၁ဂိုးအထိ သွင်းယူထားပါတယ်။

မက်ဆီနဲ့ရော်နယ်ဒိုဟာ ၂၀၀၆ခုနှစ်ကစတင်ပြီး ၂၀၂၁ခုနှစ်အထိ ဘောလုံးရာသီတစ်ခုတိုင်းမှာ အနည်းဆုံး ၁၀ဂိုး နှင့်အထက်သွင်းယူထားနိုင်သူတွေ ဖြစ်လာပါတယ်။

အမှတ်ပေးပြိုင်ပွဲသွင်းဂိုးတွေကိုသာ နှိုင်းယှဥ်ခြင်းဖြစ်ပြီး မက်ဆီက ပြီးခဲ့တဲ့ ဂရန်နာဒါနဲ့ပွဲမှာ အသင်းအတွက် ၂ဂိုးသွင်းယူပေးနိုင်ခဲ့တာကြောင့် ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ၁၁ဂိုးအထိသွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီမတိုင်ခင်မှာ ရော်နယ်ဒိုဟာ စီးရီးအေ ၁၃ပွဲကစားအပြီး ၁၅ဂိုးအထိ စောစီးစွာသွင်းယူပြီး ၁၅နှစ်ဆက် လိဂ် ၁၀ဂိုးနှင့်အထက် သွင်းယူနိုင်သူအဖြစ် ဦးစွာ စံချိန်တင်ထားနိုင်တာပါ။

သူတို့နှစ်ဦးရဲ့ နောက်မှာတော့ ဂတ်မူလာနဲ့ ဂျင်မီဂရော့ဗ်တို့က ၁၃နှစ်ဆက်တိုက် သွင်းယူထားနိုင်ပေမယ့် သူတို့ဟာ လက်ရှိ ကစားနေတဲ့ ကစားသမားတွေမဟုတ်လို့ မက်ဆီနဲ့ရော်နယ်ဒိုစံချိန်ကို လိုက်မီနိုင်တော့မှာ မဟုတ်ပါဘူး။

အခြားသူတစ်ဦးအဖြစ် မန်စီးတီးက မက်ဆီရဲ့ အာဂျင်တီးနား ကစားဖော် တိုက်စစ်မှူး အဂူရိုကတော့ ၁၃နှစ်ဆက် တိုက်နဲ့ရပ်တည်ထားပါသေးတယ်။

အဂူရိုအနေနဲ့ ယခုနှစ်မှာ ဒဏ်ရာတွေနဲ့ နပန်းလုံးနေရတာကြောင့် အသင်းအတွက် ကောင်းကောင်း ကစားပေးနိုင် ခြင်းမရှိသေးပါဘူး။

ယခုနှစ် ပြိုင်ပွဲမှာလည်း မန်စီးတီးအတွက် ၅ပွဲသာ ပါဝင်ထားနိုင်ပြီး လိဂ်သွင်းဂိုး လုံးဝမရရှိထားသေးပါဘူး။ ဒါကြောင့် ဒဏ်ရာတွေသာ အချိန်မီ ပြန်မကောင်းလာနိုင်ပဲ ဂိုးသွင်းဖို့ ခက်ခဲသွားမယ်ဆိုရင်တော့ ၁၃နှစ်လုံးလုံး ကြိုးပမ်းခဲ့သမျှ ခဲလေသမျှ သဲရေကျသလို ဖြစ်ရတော့ပါမယ်။


Author


က္က