ခေါ်ယူနိုင်ခွင့်ရှိခဲ့ပေမယ့် ငြင်းဆနခဲ့တာပါ။
Pyae Phyo Thein

ယူနိုက်တက်ကို ရော်နယ်ဒိုမပြောင်းရွှေ့ခင်မှာ စပို့တင်းဘက်ကကမ်းလှမ်းခဲ့တာဖြစ်ပြီး ဘာစီလိုနာက ငြင်းဆန်ခဲ့လို့ ဘောလုံးလောကဟာလည်း တဆစ်ချိုးပြောင်းလဲခဲ့ရပါတယ်။ 


ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဟောင်းဖြစ်တဲ့ ဂျိုအန်လာပေါ်တေးက သူတို့အသင်းဟာ ခရစ္စတီယာနိုရော်နယ်ဒိုအတွက် ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း ရော်နယ်ဒင်ဟိုကြောင့် ငြင်းဆန်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ယူနိုက်တက်ကို ရော်နယ်ဒိုမပြောင်းရွှေ့ခင်မှာ စပို့တင်းဘက်ကကမ်းလှမ်းခဲ့တာဖြစ်ပြီး ဘာစီလိုနာက ငြင်းဆန်ခဲ့လို့ ဘောလုံးလောကဟာလည်း တဆစ်ချိုးပြောင်းလဲခဲ့ရပါတယ်။ 

ရော်နယ်ဒို အသက် ၁၈နှစ်အရွယ်သာရှိသေးတဲ့ ၂၀၀၃ ခုနှစ်မှာ စပို့တင်းဘက်က ဘာစီလိုနာကိုကမ်းလှမ််းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက အဆိုပါအချိန်မှာ ပီအက်စ်ဂျီကနေ ရော်နယ်ဒင်ဟိုကိုခေါ်ယူထားပြီးဖြစ်တာကြောင့် ထပ်မံရင်းနှီးဖို့ ဆန္ဒမရှိဘဲ ငြင်းဆန်ခဲ့ကာ ရော်နယ်ဒိုလည်း မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့ပြီး ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ 

လာပေါ်တာက "ကျွန်တော်တို့ ရော်နယ်ဒင်ဟိုနဲ့ ရာဖေးလ်မားကွက်ဇ်တို့ကို ခေါ်ယူထားပြီးပါပြီ၊ မားကွက်ဇ်က ရော်နယ်ဒိုအတွက် အဆိုပြုခဲ့ပါသေးတယ်၊ သူက စပို့တင်းမှာ အဲဒီတုန်းကကစားခဲ့တာလေ၊ သူ့ရဲ့အေးဂျင့်တွေကလည်း သူတို့မှာ ကစားသမားတစ်ဦးရှိတယ်လို့ပြောပါတယ်၊ ယူနိုက်တက်ကို ယူရို ၁၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုပေါ့"

"ကျွန်တော်တို့ခေါ်မယ်ဆိုရင် ယူရို ၁၇ သန်းနဲ့ရမယ်လို့ သူတို့ကပြောခဲ့တာပါ၊ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော်တို့က ရော်နယ်ဒင်ဟိုအတွက် ရင်းနှီးခဲ့ပြီးပါပြီ၊ ရော်နယ်ဒိုက ဗဟိုထက် နေရာစုံထွက်ကစားနိုင်သူလည်းဖြစ်နေပြန်တယ်၊ ကျွန်တော်တို့ အဲဒီနေရာအတွက် လူအင်အားလုံလောက်တယ်လို့ တွေးခဲ့မိပြီး သူ့ကို ငြင်းဆန်ခဲ့ပါတယ်၊ ဒီအတွက်လည်း နောင်တမရပါဘူး" လို့ လာပေါ်တေးက Marca ကို ပြောပြခဲ့ပါတယ်။ 

ရော်နယ်ဒိုကတော့ ယူနိုက်တက်မှာ တောက်ပခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာခဲ့ကာ အဲဒီကမှတဆင့် ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပါတယ်။ တကယ်လို့သာ ဘာစီလိုနာက ခေါ်ယူခဲ့မယ်ဆိုရင်တော့ မက်ဆီနဲ့ အသင်းဖော်တွေအဖြစ်ကစားရမှာဖြစ်ပြိး သူတို့နှစ်ဦးကို တစ်သင်းတည်းမှာ တွဲဖက်မြင်တွေ့ရမှာဖြစ်ကာ ဒီနေ့ခေတ်ဘောလုံးလောကနဲ့ ပြောင်းပြန်ဖြစ်သွားနိုင်တဲ့ အခြေအနေမှာရှိခဲ့မှာလည်းဖြစ်ပါတယ်။ 


Author


က္က