ဘီလ်ဘာအိုကို ၂-၁ နဲ့ အရေးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပါတယ်။

ရီးရဲလ်ဟာ ဘီလ်ဘာအိုကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရသလို လက်ရှိချန်ပီယံဘွဲ့ကိုလည်း စွန့်လွှတ်ခဲ့ရကာ စိတ်ပျက်ဖွယ်ရာအတိဖြစ်ခဲ့ရပြီဖြစ်ပါတယ်။ 


စပိန်စူပါဖလားပြိုင်ပွဲမှာ ဘီလ်ဘာအိုကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပေမယ့် ဒါဟာ အသင်းအတွက် ကျရှုံးမှုမဟုတ်ဘူးလို့ ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်ဟာ ဘီလ်ဘာအိုကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရသလို လက်ရှိချန်ပီယံဘွဲ့ကိုလည်း စွန့်လွှတ်ခဲ့ရကာ စိတ်ပျက်ဖွယ်ရာအတိဖြစ်ခဲ့ရပြီဖြစ်ပါတယ်။ 

ဘန်ဇီမာက ၇၃ မိနစ်မှာ ချေပဂိုးတစ်ဂိုးပြန်သွင်းပေးခဲ့ပေမယ့် ပထမပိုင်းမှာကတည်းက ပေးခဲ့ရတဲ့ နှစ်ဂိုးကို ချေပဖို့ ရီးရဲလ်တို့မတတ်နိုင်ခဲ့ဘဲ လက်လျှော့ခဲ့ရပါယ်။ ဘီလ်ဘာအိုက ဒုတိယပိုင်းမှာ ခံစစ်ကို လုံခြုံအောင်ကစားသွားခဲ့ပြီး နည်းပြသစ်မာဆင်လင်ဟိုလက်ထက်မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့ စပိန်စူပါဖလားဗိုလ်လုပွဲကို ကစားရတော့မှာဖြစ်ပါတယ်။ 

ရီးရဲလ်အနေနဲ့ ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာအသင်း ရင်ဆိုင်ခဲ့ရတဲ့ ကံကြမ္မာနဲ့ ထပ်တူကျခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာက အက်သလက်တီကိုကို ဆီမီးဖိုင်နယ်မှာအရေးနိမ့်ခဲ့တာဖြစ်ပြီး နည်းပြဗယ်လ်ဗာဒီလည်း ရာထူးကထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဇီဒန်းကတော့ သူ့အသင်းဟာ အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ 

"ပထမပိုင်းက ခက်ခဲခဲ့ပါတယ်၊ ပွဲကိုကောင်းကောင်းမကစားနိုင်ခဲ့ဘူး၊ သူတို့က နှစ်ဂိုးအထိသွင်းသွားခဲ့ပါတယ်၊ သူတို့က အခွင့်အရေးနှစ်ကြိမ်ကနေ နှစ်ဂိုးသွင်းသွားတာပါ၊ နှစ်ဂိုးပြတ်ဦးဆောင်ခံလိုက်ရပြီဆို အမြဲတမ်းခက်ခဲတာပါပဲ၊ ဒုတိယပိုင်းမှာ ကျွန်တော်တို့ပိုကောင်းခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်၊ ဂိုးတွေအများကြီးရခဲ့သင့်ပေမယ့် ဒုတိယမြောက်ဂိုးတော့ မရခဲ့ပါဘူး"

"ဒါက ကျရှုံးတာမဟုတ်ပါဘူး၊ အရှုံးသမားက ဘယ်တော့မှမကြိုးစားဘူး၊ ကွင်းထဲမှာ ဘာမှမလုပ်ဘူး၊ ဘဝဆိုတာကလည်း အဲဒီလိုပါပဲ၊ ကျွန်တော်တို့ အမြဲတမ်းတော့ အနိုင်ရနေမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ အနို်င်ရဖို့တော့ အမြဲတမ်းကြိုးစားတယ်၊ ဒါပေမယ့် အမြဲတမ်းတော့ ဘယ်အနိုင်ရပါ့မလဲ" လို့ ဇီဒန်းက ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 



က္က