နည်းစနစ်ပိုင်းဆိုင်ရာ အကြံဉာဏ်တွေပေးခဲ့တယ်လို့ သိရပါတယ်။

မက်ဆီဟာ ခြေထောက်ဒဏ်ရာအနည်းငယ်ရရှိထားလို့ ကိုးမန်းက အနားပေးခဲ့ပေမယ့် မက်ဆီကတော့ အသင်းပွဲစဉ်ကို ကြည့်ရှုဖို့ လိုက်ပါခဲ့ပြီး ဘာစီလိုနာကလည်း ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ 


ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲအဖြစ် ဆိုဆီဒက်နဲ့ကစားခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ ရှိခဲ့ပါတယ်။ မက်ဆီဟာ ခြေထောက်ဒဏ်ရာအနည်းငယ်ရရှိထားလို့ ကိုးမန်းက အနားပေးခဲ့ပေမယ့် မက်ဆီကတော့ အသင်းပွဲစဉ်ကို ကြည့်ရှုဖို့ လိုက်ပါခဲ့ပြီး ဘာစီလိုနာကလည်း ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။ 



ပွဲချိန်မိနစ် ၉၀ ပြည့်သွားလို့ တစ်ဖက်တစ်ဂိုးစီသရေဖြစ်နေခဲ့တဲ့နောက် မက်ဆီဟာ ပွဲကြည့်စင်ပေါ်က ဆင်းလာခဲ့ပြီး အသင်းဖော်တွေကို နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေးမှုတွေပြုလုပ်ခဲ့တယ်လို့ sportbible ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ နှာခေါင်းစည်းတပ်ဆင်ထားတဲ့ မက်ဆီဟာ ယော်ဒီအယ်လ်ဘာနဲ့ ဖရန်စစ္စကိုထရန်ကာအိုတို့ကို အကြံပေးပြောဆိုနေခဲ့တာဖြစ်ပြီး လူမှုကွန်ယက်တွေပေါ်မှာ အဆိုပါဓာတ်ပုံက ရေပန်းစားခဲ့ပါတယ်။ 

မက်ဆီရဲ့ အခုလိုမျိုး အသင်းဖော်တွေကို အကြံပေးကူညီနေမှုကို ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းပြောဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။ Ezenwanyi Camp Nou ဆိုတဲ့ တွစ်တာအကောင့်က အဆိုပါဓာတ်ပုံနဲ့အတူ "တကယ်လို့ ရော်နယ်ဒိုသာ အဲဒီလိုလုပ်ခဲ့ရင် စိတ်အားတက်ကြွအောင်အားပေးစကားပြောနေတာဆိုပြီး သူတို့ပြောနေကြမှာ" လို့ ရေးသားခဲ့ပါတယ်။ 

အသင်းဖော်တွေကို အားပေးမှု၊ အသင်းအရေးနိမ့်နေချိန်မှာ ကိုယ်တိုင်က စိတ်ဓာတ်ကျနေသူလို့ ဝေဖန်ခံနေရတဲ့ မက်ဆီဟာ စပိန်စူပါဖလားပွဲမှာတော့ ဝေဖန်မှုတွေအားလုံးကို ချေဖျက်ပြခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအတွက်တော့ ၁၉၉၈ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး မက်ဆီိကိုယ်တိုင်လည်း ဘာကာကစားသမားဘဝမှာ ပထမဆုံးကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ပင်နယ်တီမှာတော့ ဆိုဆီဒက်အသင်းက ၃လုံးဆက်တိုက်လွဲချော်ခဲ့ကာ ဘာကာဂိုးသမားတာစတီဂန်က ၂လုံးတိတိကို ကာကွယ်ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာကတော့ စပိန်စူပါဖလားဗိုလ်လုပွဲအဖြစ် ဘီလ်ဘာအိုနဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က