ကမ္ဘာ့အကောင်းဆုံးကစားသမားနဲ့တွဲဖက်ကစားခွင့်ရတာကို ကျေနပ်နေတာပါ။
Pyae Phyo Thein

အက်သလက်တီကိုမက်ဒရစ်ကနေ အသင်းဟောင်းဂျူဗီကို ပြောင်းရွှေ့ခဲ့ရာမှာတော့ ရီးရဲလ်အသင်းဖော်ဟောင်းရော်နယ်ဒိုနဲ့ ပြန်လည်ဆုံဆည်းခဲ့ရတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုပြည့်ဝနေတယ်လို့လည်း မိုရာတာက ဆိုပါတယ်။ 


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးမိုရာတာက သူဟာ ရော်နယ်ဒိုနဲ့ တွဲဖက်ကစားရတယ်ဆိုတာကို သူ့ရဲ့ကလေးတွေကို ပြောပြမယ်လို့ ဆိုလိုက်ပါတယ်။ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ အသင်းနှစ်သင်းမှာ အတူတကွကစားခဲ့ရတဲ့အပေါ် မိုရာတာက ဂုဏ်ယူနေတာလည်းဖြစ်ပါတယ်။ 



မိုရာတာဟာ ရော်နယ်ဒိုနဲ့အတူ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်တို့မှာ အသင်းဖော်တွေအဖြစ် ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ အက်သလက်တီကိုမက်ဒရစ်ကနေ အသင်းဟောင်းဂျူဗီကို ပြောင်းရွှေ့ခဲ့ရာမှာတော့ ရီးရဲလ်အသင်းဖော်ဟောင်းရော်နယ်ဒိုနဲ့ ပြန်လည်ဆုံဆည်းခဲ့ရတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုပြည့်ဝနေတယ်လို့လည်း မိုရာတာက ဆိုပါတယ်။ 

"သူနဲ့အတူ ကစားရတာက လွယ်ကူလွန်းပါတယ်၊ သူနဲ့ သိကျွမ်းခဲ့တဲ့အချိန်တချို့ရှိခဲ့ပါတယ်၊ တချို့ပွဲစဉ်တွေမှာ ကစားသမားတချို့ဂိုးမသွင်းယူနိုင်ချိန်မှာ သူကတော့ ဂိုးသွင်းနိုင်ခဲ့ပါတယ်၊ ပါးမားနဲ့ပွဲမှာ သူ့အတွက် ကျွန်တော်ဖန်တီးပေးနိုင်ခဲ့ပြီး သူကလည်း ကျွန်တော်ဘာလုပ်မလဲဆိုတာ တွေ့မြင်နားလည်ခဲ့ပါတယ်၊ ကျွန်တော်ကလည်း သူ့ရဲ့ရွေ့လျားမှုတွေနဲ့ သူ ဘာလုပ်မလဲဆိုတာကို သိခဲ့ပါတယ်"

"သူ့ကို လူကပ်ထားခြင်းမရှိအောင် ကျွန်တော် ခဏခဏလုပ်ပေးနိုင်ခဲ့ပြီး နှစ်ယောက်၊ သုံးယောက်လောက် အကပ်ခံနေရတာကနေ သူ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ သူနဲ့အတူကစားရတာ တကယ်ကို ကျေနပ်စရာပါပဲ၊ သူက ဘောလုံးသမိုင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးပါ၊ မယုံကြည်နိုင်စရာအရည်အသွေးရှိပြီး သူကစားချင်တဲ့နေရာမှာ ကစားနိုင်စွမ်းရှိပါတယ်"

"သူ့ကို ထပ်ပြိးတော့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ သူနဲ့ ဒီဘာလတို့က အရည်အသွေးမြင့်ကစားသမားတွေပါ၊ ကျွန်တော့်ကလေးတွေကိုလည်း သူတို့နဲ့ တွဲဖက်ကစားရတယ်ဆိုတာကို ပြောပြပါဦးမယ်" လို့ မိုရာတာက ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၈ ပွဲကစားပြီး ၁၉ ဂိုးသွင်းယူထားကာ မိုရာတာကတော့ လေးဂိုးသွင်းယူပြီး ငါးကြိမ်ဖန်တီးပေးထားပါတယ်။ 


Author


က္က