ပွဲဥိးထွက်ကစားခွင့်ရချိန်မှာ လက်အိတ်ဝတ်ကစားဖို့ပြင်ဆင်ခဲ့ပြီး ပြန်ချွတ်ခဲ့ရတာပါ။

ကာလူလူကတော့ သူ့ထက်ဝါရင့်ပြီး စီနီယာအများကြီးကျတဲ့ ကစားသမားတစ်ဦးရဲ့ ငေါက်ငမ်းမှုအောက်မှာ လက်အိတ်တွေချွတ်ခဲ့ပြီး ကစားခဲ့ရပါတယ်။


အေစီမီလန်အသင်းကို နွေရာသီကမှ ပြောင်းရွှေ့လာခဲ့တဲ့ နောက်ခံလူ ကာလူလူဟာ အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူးကြီး ဇလာတန်ကြောင် ့လက်အိတ်တောင် မစွပ်ရဲတော့ဘူးလို့ သိရပါတယ်။ ဇလာတန်ရဲ့ ဖွင့်ဟပြောဆိုမှုအရ ကာလူလူဟာ အသင်းအတွက် ပွဲဦးထွက်ကစားခွင့်ရချိန်မှာပဲ ဇလာတန်ရဲ့ ငေါက်ငမ်းခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ 

အသက် ၂ဝအရွယ်သာရှိသေးတဲ့ နောက်ခံလူဟာ အေစီမီလန်ရဲ့ အဓိကနောက်ခံလူအဖြစ် ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အေစီကစားသမားဘဝအစကတော့ ဇလာတန်ကြောင့် အပိုးကျိုးခဲ့ရပြီး ဆွီဒင်သားကြီးအပေါ် ကြောက်ရွံ့လေးစားစိတ်ကပဲ သူ့ကို အခုလိုခြေစွမ်းပြနိုင်စေခဲ့လားဆိုတာကတော့ စဉ်းစားချင်စရာကောင်းနေခဲ့ပါပြီ။

SoccerLaduma ကို ဇလာတန်က ပြောဆိုခဲ့ရာမှာတော့ "ကာလူလူက သူ့ရဲ့အေစီကစားသမားဘဝ ပွဲဦးထွက်ပွဲကို ကစားရမယ့်ပွဲမှာ လက်အိတ်တွေဝတ်လာခဲ့တယ်၊ မင်း အဲဒါကို ချွတ်ပစ်လိုက်စမ်းလို့ ကျွန်တော်ပြောလိုက်တယ်လေ၊ လူငယ်ခံစစ်သမားတစ်ဦးအတွက်က သူ့ရဲ့ပွဲဦးထွက်မှာ လက်အိတ်တွေနဲ့လားဗျာ၊ သူက တိုက်စစ်မှူးတွေကို မကြောက်ဘူးဆိုတာကို ပြရမှာမဟုတ်ဘူးလား" လို့ ဆိုခဲ့ပါတယ်။ 

ကာလူလူကတော့ သူ့ထက်ဝါရင့်ပြီး စီနီယာအများကြီးကျတဲ့ ကစားသမားတစ်ဦးရဲ့ ငေါက်ငမ်းမှုအောက်မှာ လက်အိတ်တွေချွတ်ခဲ့ပြီး ကစားခဲ့ရပါတယ်။ ဥရောပရဲ့ ဆောင်းရာသီကာလမှာ ခိုက်ခိုက်တုန်နေအောင် ချမ်းနေမှာထက် ဇလာတန်ကို ကြောက်တဲ့စိတ်က ကာလူလူကို ပိုပြီး တုန်ခါသွားစေခဲ့ပုံလည်း ရပါတယ်။ 

အခုဆိုရင် ဒီပြင်သစ်ကြယ်ပွင့်ဟာ အေစီမီလန်အတွက် ပြိုင်ပွဲစုံ ၈ ပွဲအထိ ကစားပေးထားပြီးဖြစ်ကာ သွင်းဂိုးတစ်ဂိုးလည်း ရယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ တိုရီနိုကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ကိုပါအီတာလီယာပွဲစဉ်မှာတော့ ကာလူလူဟာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်လို့ သိရပြီး နည်းပြပီအိုလီရဲ့ ချီးမွမ်းမှုကိုလည်း ရရှိခဲ့ပါတယ်။ 



က္က