ယနေ့ညမှာ အင်တာမီလန်နဲ့ ကစားဖို့ရှိနေပြီး လူကာကူနဲ့ ထိပ်တိုက် ရင်ဆိုင်ရမှာပါ။
Kyaw Ko Ko Sint

ရော်နယ်ဒိုဟာ လာမယ့် ဖေဖော်ဝါရီလ ၅ရက်နေ့ဆိုရင် အသက် ၃၆နှစ်ပြည့်မြောက်မှာ ဖြစ်ပေမယ့်လည်း လက်ရှိ အချိန်မှာ စီးရီးအေရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်ထားနိုင်ပါတယ်။

ရော်နယ်ဒိုဟာ ယခုနှစ် စီးရီးအေ ၁၃ပွဲကစားထားရာမှာ ဂျူဗင်တပ်အသင်းအတွက် ၁၅ဂိုးသွင်းယူပေးထားနိုင် ပေမယ့်လည်း ခြေစွမ်းအားဖြင့် အကျပိုင်းကို ရောက်ရှိသွားပြီလို့ စီးရီးအေရဲ့ ဂန္တဝင် ကစားသမားကြီး တစ်ဦး ဖြစ်သူ ရော်ဘတ်တို ဘိုနင်ဆီဂ်နာက သုံးသပ်ပြောလာပါတယ်။



လက်ရှိမှာ အသက် ၇၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်ဘတ်တိုဟာ စီးရီးအေထိပ်တန်းကလပ်တွေဖြစ်တဲ့ အင်တာမီလန် နဲ့ ဂျူဗင်တပ်အသင်းတို့မှာ ကစားခဲ့ဖူးသူတစ်ဦးပါ။

ရော်နယ်ဒိုဟာ ယခုနှစ်ဘောလုံးရာသီမှာ ကလပ်နဲ့နိုင်ငံအတွက် စုစုပေါင်း ၂၄ပွဲကစားထားရာမှာ ၂၂ဂိုးထိသွင်းယူ ပေးထားနိုင်သလို ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သူပါ။

ဒါ့အပြင် ရိုးမား၊လာဇီယိုတို့နဲ့ ကစားခဲ့တဲ့ပွဲတွေမှာလည်း အသင်းအတွက် အရေးကြီးတဲ့ သွင်းဂိုးတွေ သွင်းယူပေး နိုင်ခဲ့သူပါ။

ဒါပေမယ့်လည်း ယနေ့ညမှာ ရင်ဆိုင်ကစားရမယ့် အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူး လူကာကူနဲ့ ယှဥ်လိုက် မယ်ဆိုရင်တော့ ဂိုးရှေ့မှာ ဂိုးသွင်းနိုင်ဖို့ ဆုံးဖြတ်ချက် ချနိုင်မှုမှာ အားနည်းသွားပြီလို့ ရော်ဘတ်တိုက သုံးသပ် လာတာပါ။

ဒါတောင် ရော်နယ်ဒိုက လက်ရှိအချိန်မှာ အင်တာမီလန်တိုက်စစ်မှူး ဘယ်လ်ဂျီယံလက်ရွေးစင် လူကာကူထက် သွင်းဂိုး ၃ဂိုးပိုသာနေပါသေးတယ်။

“လူကာကူကတော့ ပြီးခဲ့တဲ့ ဖီအိုရင်တီးနားနဲ့ပွဲမှာ အသင်းအတွက် နောက်ကျ အနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့သလို ဖီအို နောက်တန်းကိုလည်း အလုပ်ရှုပ်စေခဲ့ပါတယ်။အခုလို ရော်နယ်ဒိုနဲ့ လူကာကူ ထိပ်တိုက်တွေ့တာဟာ တကယ့်ကို လှပတဲ့ အခိုက်အတန့်တစ်ခုဖြစ်လာမှာပါ။ကျွန်‌တော်ကတော့ ပွဲအဖြေကို ပိုပြီး အဆုံးအဖြတ်ပေးနိုင်မှာ လူကာကူ လို့ အငြင်းပွားစရာမရှိ ယုံကြည်ထားပါတယ်။”လို့ ရော်ဘတ်တိုက သုံးသပ်ပြောခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ အသက်အရွယ်အားဖြင့် လူကာကူထက် ကြီးမြင့်နေပြီ ဖြစ်သလို လက်ရှိမှာလည်း အသက် ၃၆နှစ် ပြည့်ဖို့ ရက်အနည်းငယ်သာ လိုတော့တာကြောင့် အသက်အရွယ်အားဖြင့် အကျပိုင်းကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

“ရော်နယ်ဒိုကတော့ အကျပိုင်းကို ရောက်နေပါပြီ။လူအများက‌တော့ သူ့ကို အသက် ၄၀ကျော်အထိ ဘောလုံး ကစားနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ရော်နယ်ဒိုမတိုင်ခင်က ခန္ဓာကိုယ်ကြံ့ခိုင်မှုကို အကောင်းဆုံး တည် ဆောက်နိုင်သူဟာ ဂစ်ပါ။”လို့လည်း ဆိုပါသေးတယ်။

ဂစ်ဟာ အသက် ၄၀အရွယ်မှာ ကစားဘဝက အနားယူကြောင်း တရားဝင်ကြေညာခဲ့တာကြောင့် ‌ရော်နယ်ဒိုအနေ နဲ့လက်ရှိမှာ ဂစ်ထက် ပိုကစားနိုင်မယ့် ကစားသမားဖြစ်နိုင်ဖို့ဆိုရင် အနည်းဆုံး ၄၁နှစ်အထိ ကစားဖို့ လိုအပ်နေ ပါတယ်။


Author


က္က