ဘာကာကစားသမားဘဝ ပထမဆုံးအနီကတ်ပြသခံခဲ့ရတာပါ။
Pyae Phyo Thein

အချိန်ပိုကစားခဲ့ရတဲ့ ဒီဗိုလ်လုပွဲမှာ ဘာစီလိုနာတို့အရေးနိမ့်ခဲ့ရသလို မက်ဆီကလည်း အချိန်ပိုပြီးခါနီး နောက်ဆုံးမိနစ်မှာပဲ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ 


ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ မနေ့ညက ကစားခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲမှာ အနီကတ်ပြသခံခဲ့ရတာကြောင့် သူ့ရဲ့ဘာစီလိုကစားသမားဘဝသက်တမ်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြသခံရမှုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အချိန်ပိုကစားခဲ့ရတဲ့ ဒီဗိုလ်လုပွဲမှာ ဘာစီလိုနာတို့အရေးနိမ့်ခဲ့ရသလို မက်ဆီကလည်း အချိန်ပိုပြီးခါနီး နောက်ဆုံးမိနစ်မှာပဲ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ 



ဒီပွဲကို မပါဝင်နိုင်ဘူးလို့ သတင်းတွေထွက်နေခဲ့ပေမယ့် မက်ဆီက ပါဝင်ကစားနိုင်ခဲ့ပြီး အသင်းနဲ့အတူ ဆုဖလားကိုင်မြှောက်ခွင့်ရရှိဖို့ နီးစပ်ခဲ့ပါတယ်။ ဂရစ်မန်းက ဘာစီလိုနာအတွက် ၂ဂိုးသွင်းယူကာ ဦးဆောင်ဂိုးတွေ အရင်ရခဲ့ပေမယ့် ဘီလ်ဘာအိုက ပြန်လည်ချေပခဲ့ပြီး ဒုတိယပို်င်းနောက်ဆုံးမိနစ်မှာ အဖိုးတန်ချေပဂိုးရရှိသွားခဲ့လို့ ၂ဂိုးစီသရေကျပြီး အချိန်ပိုကစားခဲ့ရာမှာ ဘီဘာလ်အိုက အနိုင်ဂိုးသွင်းပြီး ဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ပွဲကစားချိန် ၁၂၀ မိနစ်မှာ ဘာစီလိုနာတို့ချေပဂိုးရဖို့ အားထုတ်ကာ တိုက်စစ်ဆင်နေချိန်မှာ မက်ဆီကလည်း ကွင်းလယ်ကြောကနေ လိုက်ပါဖို့ ကြိုးစားခဲ့ပါတယ်။ မက်ဆီက အသင်းဖော်တွေ ဘောလုံးရချိန်မှာ ပြေးတက်သွားခဲ့ချိန်မှာတော့ ဘီလ်ဘာအိုကစားသမားက ပြေးလမ်းကို ပိတ်ဖို့ ကြိုးစားခဲ့ပြီး မက်ဆီဟာ ပြိုင်ဘက်ကစားသမားခေါင်းကို ညာဘက်လက်နဲ့ ပြင်းပြင်းထန်ထန်ရိုက်ပြီး ဆွဲလှဲသလိုဖြစ်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်လူကြီးက မမြင်ခဲ့ပေမယ့်လည်း VAR က အချက်ပေးခဲ့တာကြောင့် ပြန်လည်ကြည့်ရှုခဲ့ကာ မက်ဆီကို အနီကတ်ပြထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ပွဲပေါင်း ၇၅၃ ပွဲကစားပေးပြီးနောက် မက်ဆီအတွက် ပထမဆုံးအနီကတ်ဖြစ်ပြီး အသင်းကလည်း ဆုဖလားပါလက်လွှတ်ခဲ့ရလို့ တော်တော်လေးစိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ 

အဆိုပါအနီကတ်ပြစ်ဒဏ်ကြောင့် မက်ဆီဟာ လေးပွဲပယ်ခံရနိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတယ်လို့ Goal.com က ဆိုပါတယ်။ မက်ဆီဟာ ပြိုင်ဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြုမူခဲ့တယ်ဆိုတာ ထင်ရှားပါက လာမယ့်အနီးစပ်ဆုံးလေးပွဲမှာ သူ့ကို အသုံးပြုခွင့်မရမှာဖြစ်လို့ အက်သလက်တီကိုကို အမီလိုက်ရမယ့် ဘာကာအတွက် အခက်အဲတွေဖြစ်လာဦးမှာ သေချာပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က