ဂျာမနီမြေကတော့ သူ့အတွက် အောင်မြေပါပဲ။

ရီးရဲလ်အတွက် ၃၂ ပွဲကစားပြီး ၂ဂိုးတည်းသာရရှိခဲ့ပေမယ့် ဖရန့်ဖတ်မှာတော့ လူကာဂျိုဗစ်က လူစားဝင်ကစားပြီး ၂၈ မိနစ်အတွင်းမှာပဲ ၂ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။




ရီးရဲလ်မက်ဒရစ်မှာ ရုန်းကန်နေရလို့ အသင်းဟောင်းဖရန့်ဖတ်ကို အငှားနဲ့ပြန်ပြောင်းခဲ့တဲ့ ဆာဘီးယားတိုက်စစ်မှူးလူကာဂျိုဗစ်ဟာ ဘွန်ဒက်လီဂါမှာတော့ ၂၈ မိနစ်တည်းနဲ့ ၂ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖရန့်ဖတ်ကနေ ရီးရဲလ်ကို ပေါင် ၅၃သန်းနဲ့ပြောင်းရွှေ့ပြီး တစ်ရာသီခွဲကြာကစားခဲ့ပေမယ့် လူကာဂျိုဗစ်ဟာ သွင်းဂိုးနှစ်ဂိုးတည်းသာ ရရှိခဲ့ပါတယ်။

ရီးရဲလ်အတွက် ၃၂ ပွဲကစားပြီး ၂ဂိုးတည်းသာရရှိခဲ့ပေမယ့် ဖရန့်ဖတ်မှာတော့ လူကာဂျိုဗစ်က လူစားဝင်ကစားပြီး ၂၈ မိနစ်အတွင်းမှာပဲ ၂ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ရှော်လ်ကေးနဲ့ကစားခဲ့တဲ့ မနေ့ကပွဲစဉ်မှာ လူကာဂျိုဗစ်က ၆၂ မိနစ်မှာ လူစားဝင်လာခဲ့ပြီး တစ်ဂိုးစီသရေကျနေမှုကို သူ့ရဲ့သွင်းဂိုးနှစ်ဂိုးနဲ့အတူ ပြောင်းလဲနိုင်ခဲ့ပြီး အသင်းကို နိုင်ပွဲယူပေးခဲ့တာဖြစ်ပါတယ်။ 

ဒီရလဒ်ကြောင့် ဖရန့်ဖတ်ဟာ ဘွန်ဒက်လီဂါမှာ အဆင့် ၇ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး လူကာဂျိုဗစ်ကလည်း သူ့ရဲ့အောင်မြေဖြစ်တဲ့ ဘွန်ဒက်လီဂါမှာ ပြန်ရောက်ရောက်ချင်းပဲ တောက်ပခဲ့ပါတယ်။ ဘာနေဗျူးမှာ ဆိုးဝါးခက်ခဲတဲ့ အချိ်န်တွေကို ကျော်ဖြတ်ခဲ့ရပေမယ့် ဖရန့်ဖတ်မှာတော့ လူကာဂျိုဗစ်အတွက် သက်တောင့်သက်သာရှိခဲ့ပြီး ပုံမှန်ခြေစွမ်းကို ပြန်လည်ပြသခဲ့ပါတယ်။

ဖရန့်ဖတ်အားကစားဒါရိုက်တာ ဖရက်ဒီဘိုဘစ်က "ဒီကလေထုက သူ့အတွက် ကောင်းမွန်တယ်လို့ ပြောနိုင်ပါတယ်၊ သွင်းဂိုးတွေကလည်း ထိပ်တန်းအဆင့်မှာရှိခဲ့ပြီး ပြောင်မြောက်တဲ့အနုပညာတစ်ခုပါပဲ၊ ကစားသမားကောင်းတွေကို ကျွန်တော်အမြဲတမ်း ရောင်းချခဲ့ပါတယ်၊ အခုတော့ သူ ဒီကို အချိန်ပိုင်းအတွက် ပြန်လည်ရောက်ရှိခဲ့လို့ အရမ်းပျော်ရွှင်မိပါတယ်" လို့ Sky Sports ကို ပြောဆိုခဲ့ပြီး အသင်းတိုက်စစ်မှူးကို ချီးမွမ်းခဲ့ပါတယ်။ 

ဖရန့်ဖတ်ကတော့ လာမယ့်ပွဲတွေအဖြစ် ဖရိုင်းဘတ်၊ ဘီလက်ဖီးတို့ကို အဝေးကွင်းတွေမှာ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပြီး လူကာဂျိုဗစ် ခြေစွမ်းထပ်ပြဦးမလား စောင့်ကြည့်ရတော့မှာပါ။ 



က္က