She Believes Cupကို ၂၀၁၉ခုနှစ်မှာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
Kyaw Ko Ko Sint

အင်္ဂလန် အမျိုးသမီး လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖီးလ်နဗီးလ်ဟာ ယခုအခါ နည်းပြချုပ် ရာထူးမှ နုတ်ထွက်သွားပြီလို့ သိရပါတယ်။

နဗီးလ်နဲ့ သူ့ရဲ့ စာချုပ်ဟာ လာမယ့် ဇူလိုင်လမှသာ ပြည့်မှာ ဖြစ်ပေမယ့်လည်း နဗီးလ်ဟာ အသင်းကနေ စောလျင် စွာ ထွက်ခွာခဲ့တာပါ။



အကြောင်းကတော့ နဗီးလ်ဟာ အင်္ဂလန်အသင်းဖော်ဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်း မှာ တာဝန်ယူဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

နဗီးလ်နုတ်ထွက်သွားတဲ့အတွက် နဗီးလ်နေရာမှာ ဆာရီနာဝိဂ်မန်းက ယာယီနည်းပြချုပ်အဖြစ် အင်္ဂလန် အမျိုးသ မီးအသင်းကို တာဝန်ယူသွားမယ်လို့ အင်္ဂလန် အက်ဖ်အေက သတင်းထုတ်ပြန်လာပါတယ်။

ယူနိုက်တက်နဲ့ အဲဗာတန်ကစားသမားဟောင်း နဗီးလ်ဟာ ဂရိတ်ဗြိတိန်အသင်းရဲ့ မန်နေဂျာအဖြစ် ရေပန်းစားနေ သူ ဖြစ်ပေမယ့်လည်း အမေရိကန်ကလပ် မေဂျာလိဂ်ကလပ် မိုင်ယာမီအသင်းကို တာဝန်ယူချင်တဲ့အတွက် အခုလို နုတ်ထွက်ခဲ့တာလို့လည်းသိရပါတယ်။

နဗီးလ်ဟာ အင်္ဂလန် အမျိုးသမီးအသင်းကို ၂၀၁၉ခုနှစ်က Shebelieves Cup ကို ပထမဆုံး ဆွတ်ခူးနိုင်အောင် တာဝန်ယူပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၂၀၂၀မှာတော့ Shebelieves Cupဖိုင်နယ်မှာ စပိန်ကို ရှုံးနိမ့်ပြီး နောက်ဆုံး ၁၁ပွဲမှာ ၇ပွဲအထိ အရေးနိမ့်ခဲ့ရပါတယ်။

ယခုအခါ ကိုဗစ်ကြောင့် နဗီးလ်ရဲ့ အသင်းဟာ မတ်လကတည်းက နိုင်ငံတကာပွဲလုံးဝ ကစားရခြင်း မရှိသေးပါဘူး။

တာဝန်ယူခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ နဗီးလ်ဟာ အသင်းကို ၃၅ပွဲကစား ၁၆ပွဲနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က