အသက်ကြီးလာမှ ခြေစွမ်းပိုပြနေတဲ့ သဘောဖြစ်ပြီး စကားလုံးကြီးကျယ်သလောက် ခြေစွမ်းလည်း ကြီးကျယ်တယ်ဆိုတာကို သက်သေပြနေခဲ့တာပဲဖြစ်ပါတယ်။
အေစီမီလန်အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူးကြီးဇလာတန်ဟာ မနေ့က ကစားခဲ့တဲ့ ကယ်ဂလီယာရီနဲ့့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လေးဦးအထိရှိနေပြီး ဒဏ်ရာရကစားသမားနဲ့ ပွဲပယ်ကစားသမားတွေလည်းရှိနေချိန်မှာ အေစီတို့ နိုင်ပွဲရအောင် ယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားမှာ အင်တာမီလန်ကို ၃ မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဇလာတန်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ နှစပေါင်း ၂၀ ကျော်အတွင်းမှာ ပွဲထွက်ကစားခွင့်ရတဲ့ ၉ ပွဲဆက်တိုက်ကို ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်ခဲ့ပြီး မှတ်တမ်းသစ်ရရှိခဲ့တယ်လို့လည်း Goal.com က ဖော်ပြခဲ့ပါတယ်။ ဒါဟာ အသက်ကြီးလာမှ ခြေစွမ်းပိုပြနေတဲ့ သဘောဖြစ်ပြီး စကားလုံးကြီးကျယ်သလောက် ခြေစွမ်းလည်း ကြီးကျယ်တယ်ဆိုတာကို သက်သေပြနေခဲ့တာပဲဖြစ်ပါတယ်။
အေစီနည်းပြပီအိုလီကလည်း Sky Sports ရဲ့ "အေစီမီလန်အနေနဲ့ ဇလာတန်နဲ့အတူ စီးရီးအေဖလားကို ရယူနိုင်မလား" ဆိုတဲ့ မေးခွန်းကို "ကျွန်တော် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါတယ်၊ ပြီးတော့ ဇလာတန်ကိုလည်းယုံကြည်ပါတယ်၊ စကူဒက်တိုဖလားကို မီလန်တို့ ဆွတ်ခူးနိုင်မှာပါ" လို့ပြန်လည်ဖြေဆိုခဲ့ပြီး အသက် ၃၉ နှစ်အရွယ် တိုက်စစ်မှူးကို ချီးကျူးခဲ့ပါတယ်။
အေစီကတော့ လာမယ့်ပွဲအဖြစ် စနေနေ့မှာ အတ္တလန္တာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီနောက် ကိုပါအီတာလီယာဖလားပွဲအဖြစ် မြို့ခံပြိုင်ဘက်အင်တာမီလန်နဲ့ ကစားရဖို့ရှိနေပါတယ်။