စပါးကစားသမားတစ်ဦးကို အက်သလက်ပြောင်းဖို့ စာရေးသားပေးပို့ကာစည်းရုံးခဲ့တယ်လို့ အက်ဖ်အေက စွပ်စွဲ ကာ လောင်းကစားစည်းမျဥ်းချိုးဖောက်တယ်လို့ဆိုပြီး အရေးယူထားတာပါ။
အင်္ဂလန်နောက်ခံလူ ထရစ်ပီယာကို တစ်ကမ္ဘာလုံးဆိုင်ရာ လောင်းကစားစည်းမျဥ်းကို ချိုးဖောက်ခဲ့မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာလမှာ အက်ဖ်အေက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်သော်လည်း အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အယူခံကြောင့် ယနေ့အချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခုအခါ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ သူတို့ ကစားသမားဖက်က အယူခံဝင်ပေးခြင်းဆိုင်ရာ ကိစ္စကို ဖီဖာဥပဒေအရ ပယ်ချလိုက်ပြီလို့လည်းသိရပါတယ်။
ဒါပေမယ့်လည်း အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ အင်္ဂလန် အက်ဖ်အေအနေနဲ့ ၎င်းတို့ရဲ့ လိဂ်မှာက စားနေခြင်း မရှိတဲ့ ကစားသမားတစ်ဦးကို ပြစ်ဒဏ်စီရင်ပိုင်ခွင့်မရှိဘူးလို့ ယုံကြည်ထားပါတယ်။
ဖီဖာကတော့ အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်အပေါ် အပြည့်အဝထောက်ခံခဲ့ပြီး ဒီလုပ်ရပ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ကစားသမားတွေအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းက အားကစားသမားဆိုင်ရာ ခုံရုံးတော်အထိ အယူခံဝင်ထား ပြီ ဖြစ်ပြီး အဆိုပါ ခုံရုံးက အမှုကို စစ်ဆေးဖို့ လက်ခံလိုက်ပါက ထရစ်ပီယာအနေနဲ့ စီရင်ချက်မချင်ခင်အထိ အ သင်းနဲ့ ဆက်လက်ကစားခွင့်ရှိနေမယ်လို့လည်းသိရပါတယ်။
ဖီဖာက ဆုံးဖြတ်ချက်ချမှတ်လိုက်ပါက ထရစ်ပီယာအနေနဲ့ ချဲလ်ဆီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ပထမအကျော့ကို လွဲချော်ရမှာ ဖြစ်ပေပြီး ဒုကျော့ကိုတော့ ပြန်လည်ပါဝင်လာခွင့်ရှိနေပါတယ်။
အကြောင်းကတော့ ထရစ်ပီယာရဲ့ အမှုကို ဖေဖော်ဝါရီလ ၂၈ရက်ထက် ကျော်လွန်ပြီး ဆွဲဆန့်ထားလို့ မရတဲ့ အတွက် ဖြစ်တယ်လို့သိရပါတယ်။
ထရစ်ပီယာအနေနဲ့ အခုလို အက်ဖ်အေရဲ့ ပြစ်ဒဏ်ပေးခြင်းခံရတာကတော့ စပါး ကစားဖော်ဟောင်းတစ်ဦးဆီ စာရေးသားပေးပို့ပြီး သူကစားနေတဲ့အသင်းထံ ပြောင်းလာဖို့ စည်းရုံးခဲ့တာကြောင့်လို့ သိရပါတယ်။
ဒါကြောင့် ထရစ်ပီယာကို ပေါင် ၇သောင်းဒဏ်ရိုက်ထားသလို ၁၀ပတ်ခန့် ပွဲပယ်ပြစ်ဒဏ်ကိုလည်း ချမှတ်ထားတာ ဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ်မကျခံနိုင်ရစေရေးအတွက် အယူခံဝင်နေတာလည်း ဖြစ်ပါတယ်။