ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်ခဲ့တယ်လို့ သုံးသပ်ခံနေရပါတယ်။
Pyae Phyo Thein

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီဟာ ဘီလ်ဘာအိုကစားသမား ဗီလာလီဘရီကို လက်နဲ့ထိုးခဲ့တယ်လို့ စွပ်စွဲခံနေရပြီး အဆိုပါပြစ်ဒဏ်သာ ထင်ရှားပါက ၄ ပွဲကနေ ၁၂ပွဲအထိ ပွဲပယ်ခံရနိုင်တာလို့လည်း သိရပါတယ်။


စပိန်စူပါဖလားဗိုလ်လုပွဲမှာ အနီကတ်ထိခဲ့တဲ့ မက်ဆီဟာ အခန့်မသင့်ပါက ၁၂ပွဲအထိ ပွဲပယ်ခံရနိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီဟာ ဘီလ်ဘာအိုကစားသမား ဗီလာလီဘရီကို လက်နဲ့ထိုးခဲ့တယ်လို့ စွပ်စွဲခံနေရပြီး အဆိုပါပြစ်ဒဏ်သာ ထင်ရှားပါက ၄ ပွဲကနေ ၁၂ပွဲအထိ ပွဲပယ်ခံရနိုင်တာလို့လည်း သိရပါတယ်။ 



အဆိုပါပွဲမှာတော့ ဘာစီလိုနာဟာ ၃-၂ နဲ့ အရေးနိမ့်ခဲ့ပြီး အချိန်ပိုဒုတိယပိုင်း နောက်ဆုံးမိနစ်မှာ မက်ဆီထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာကစားသမားဘဝမှာ ပထမဆုံးအနီကတ်ပြသခံခဲ့ရတဲ့ မက်ဆီဟာ သူ့ရဲ့ပြေးလမ်းကြောင်းကို ဝင်ရောက်ဟန့်တားခဲ့တဲ့ ဗီလာလီဘရီနဲ့ တွန်းတိုက်ခဲ့မိချိန်မှာ ညာဘက်လက်နဲ့ ရိုက်ချ၊ ဆွဲချသလိုဖြစ်ခဲ့ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိပြုမူခဲ့တယ်လို့ ယူဆခံနေရပါတယ်။ 


ဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်လူကြီးက မြင်တွေ့ခဲ့ခြင်းမရှိပေမယ့် VAR နဲ့ ပြန်လည်ကြည့်ရှုကာ သုံးသပ်ခဲ့ပြီးနောက် အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်ကလည်း ဒီအဖြစ်အပျက်ကို ပြန်လည်စစ်ဆေးသွားမှာဖြစ်ပြီး မက်ဆီအနေနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြုမူခဲ့တယ်လို့သာ စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် ကာလရှည်ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ 

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကတော့ သူ့ကစားသမားဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပြီး ဗိုလ်လုပွဲကို မက်ဆီ ပါဝင်ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေကြောင်း သူ့ကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ "သူ မကစားနိုင်ရင်၊ သူကစားနိုင်ရင် အခြေအနေတွေက ဘယ်လိုဖြစ်မလဲဆိုတာကို မက်ဆီက ကောင်းကောင်းသိပါတယ်၊ ဒီပွဲမတိုင်ခင် သူနဲ့စကားပြောခဲ့ပြီး သူ ကစားဖို့ လုံလောက်တဲ့အနေအထားမှာရှိတယ်လို့ ပြောခဲ့ပါတယ်" လို့ ကိုးမန်းက ပြောခဲ့ပါတယ်။ 

တကယ်လို့ မက်ဆီသာ ကာလရှည်ပွဲပယ်ခံခဲ့ရမယ်ဆိုရင်တော့ လာလီဂါမှာ အက်သလက်တီကိုမက်ဒရစ်ကို အမီလိုက်ဖို့ကြိုးစားရမယ့် ဘာစီလိုနာအတွက် အခက်အခဲတွေရှိလာတော့မှာပါ။ လက်ရှိမှာတောင် အေတီကိုက ၂ပွဲလျော့ကစားထားပြီး ဘာစီလိုနာကို ၇ မှတ်အထိဖြတ်တောက်ထားတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က