Pyae Phyo Thein

အရှေ့တောင်အာရှက လောင်းကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ AW8 နဲ့ ပူးပေါင်းခဲ့တဲ့ အစီအစဉ်မှာ တောရက်စ်က သူ့ရဲ့ ပြောင်းလဲသွားခဲ့တဲ့ ကိုယ်ခန္ဓာကို အထင်းသားပေါ်လွင်အောင် ဝတ်ဆင်ပြီး ပွဲတက်လာခဲ့တာဖြစ်ပါတယ်။


စပိန်နဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ်ဟာ အက်သလက်တီကို (ခ) အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူပြီး ဘောလုံးလောကအတွင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နာမည်ကျော်တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ တောရက်စ်ဟာ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပရိသတ်တွေရှေ့ထွက်လာခဲ့ချိန်မှာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

တောရက်စ်ဟာ ကစားသမားဘဝက ကိုယ်ခန္ဓာပုံစံမျိုးကနေ လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး အလေးမသမားတစ်ဦးပုံစံမျိုးမှာ ရှိနေခဲ့ပါတယ်။ ကြီးမားတဲ့ ရင်အုပ်ကြီးနဲ့ လက်မောင်းသားတွေကို ပိုင်ဆိိုင်ထားပြီး မြင့်မားတဲ့ သူ့ရဲ့အရပ်အမောင်းကြောင့်လည်း ခန္ဓာကိုယ်တည်ဆောက်ပုံက တော်တော်လေးကြည့်ကောင်းနေတယ်လို့ ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်၊ လီဗာပူးလ်တို့မှာ ကစားခဲ့ပြီး ကမ္ဘာ့အဆင့်တိုက်စစ်မှူး၊ အကောင်းဆုံးအဆုံးသတ်သမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ တောရက််စ်ဟာ ၂၀၁၉ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ ဂျေလိဂ်ကလပ် ဆာဂန်တိုဆုမှာ နောက်ဆုံးကစားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ အက်သလက်တီကို (ခ) အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ နည်းပြဘဝကို စတင်ခဲ့ပါတယ်။ 

အရှေ့တောင်အာရှက လောင်းကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ AW8 နဲ့ ပူးပေါင်းခဲ့တဲ့ အစီအစဉ်မှာ တောရက်စ်က သူ့ရဲ့ ပြောင်းလဲသွားခဲ့တဲ့ ကိုယ်ခန္ဓာကို အထင်းသားပေါ်လွင်အောင် ဝတ်ဆင်ပြီး ပွဲတက်လာခဲ့တာဖြစ်ပါတယ်။ အင်စတာဂရမ်မှာဖော်ပြခဲ့တဲ့ သူ့ရဲ့ဓာတ်ပုံတွေဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ကစားသမားဘဝနဲ့ လုံးလုံးကွဲပြားခဲ့ကာ ပိုမိုကြံ့ခိုင်ပြီး သန်မာနေတယ်လို့ ယုံကြည်ရပါတယ်။ 

စပိန်တိုက်စစ်မှူးကတော့ ကလပ်ကစားသမားဘဝမှာ ပွဲပေါင်း ၇၆၇ ပွဲကစားခဲ့ပြီး ၂၆၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ အေတီကိုနဲ့ လီဗာပူးလ်တို့မှာ အောင်မြင်ကျော်ကြားခဲ့ပြီး လီဗာပူးလ်ကနေ ချယ်လ်ဆီးကိုပြောင်းရွှေ့ခဲ့ရာမှာတော့ ခြေစွမ်းပျောက်ဆုံးခဲ့ပြီး အေစီမီလန်၊ ဆာဂန်တိုဆုတို့မှာလည်း ဂိုးအနည်းငယ်သာ သွင်းယူနိုင်ခဲ့ပါတယ်။ 


Author


က္က