မက်ဆီအတွက် ကလပ်အသင်းကစားသမားဘဝပထမဆုံး အနီကဒ် ဖြစ်ပါတယ်။

မက်ဆီဟာ ပြိုင်ဖက်ကစားသမားကို ရည်ရွယ်ချက်ရှိရှိနဲ့ လက်နဲ့ ခေါင်းကို ရိုက်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကဒ်ပြသခဲ့တာဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်က မက်ဆီကို အနည်းဆုံး ၄ပွဲမှ အများဆုံး ၁၂ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။

အနီကဒ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ကျခံနေရတဲ့ မက်ဆီအတွက် အယူခံဝင်ပေးသွားမယ်လို့ ဘာစီလိုနာအသင်းက ထုတ်ပြန်လာပါတယ်။



အသက် ၃၃နှစ်အရွယ် မက်ဆီဟာ ဘာစီလိုနာအသင်းအတွက် ၇၅၃ပွဲပါဝင်ကစားပေးထားရာမှာ အဆိုပါ အနီကဒ် ပြစ်ဒဏ်က ပထမဆုံး အနီကဒ် ပြစ်ဒဏ်လည်း ဖြစ်လာပါတယ်။

ပွဲချိန်အတွင်း ဘီဘာအို ကစားသမားနဲ့ ထိခိုက်မိခဲ့တဲ့ ဖြစ်စဥ်ကို ကွင်းလယ်ဒိုင်လူကြီး မမြင်ခဲ့လို့ ဗီဒီယိုပြန်ကြည့် ကာ အဆုံးအဖြတ်ပေးခဲ့ရပါတယ်။

မက်ဆီဟာ ဘီဘာအို ကစားသမားတစ်ဦးကို အားပါတဲ့ ရိုက်ချက်နဲ့ ရိုက်ခဲ့တာ သိသာတဲ့အတွက် တိုက်ရိုက် အနီ ကဒ်ပြသခဲ့တာလည်း ဖြစ်ပါတယ်။

ဒီအနီကဒ်ပြစ်ဒဏ်ဟာ တမင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တဲ့အတွက်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်က မက်ဆီ ကို အနည်းဆုံး ၄ပွဲမှ အများဆုံး ၁၂ပွဲအထိ ပွဲပယ်နိုင်တဲ့ အနေအထားမှာရှိနေပါတယ်။

ဒါကြောင့် ဘာစီလိုနာအသင်းဟာ အများဆုံး ၂ပွဲမှ ၃ပွဲအထိသာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ပေးဖို့ အယူခံ ဝင်သွားမှာလို့ လည်းသိရပါတယ်။

၂ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခြင်းခံခဲ့ရမယ်ဆိုရင်တော့ မက်ဆီဟာ လာမယ့် ကြာသပတေးနေ့မှာ ကစားမယ့် ကိုပါဒယ်ရေး ၃၂သင်းအဆင့် ပွဲစဥ်ဖြစ်တဲ့ ကော်နယ်လာအသင်းနဲ့ပွဲအပါအဝင် အယ်လ်ချီနဲ့ ကစားမယ့် လာလီဂါ ပွဲစဥ်တစ်ပွဲကိုသာ လွဲချော်မှာပါ။

မက်ဆီဟာ ကစားသမားဘဝမှာ ယခု အနီကဒ်ပြစ်ဒဏ်အပါအဝင် အနီကဒ်ပြစ်ဒဏ် ၃ကြိမ်သာ ထိခဲ့ဖူးပြီး ကျန် ၂ကြိမ်က နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ထိခဲ့တာပါ။

အာဂျင်တီးနားအသင်းအတွက် ပထမဆုံး ပွဲထွက် ပါဝင်ခွင့်ရခဲ့တဲ့ ၂၀၀၅ခုနှစ်က ဟန်ဂေရီနဲ့ပွဲမှာတစ်ကြိမ်၊ ၂၀၁၉ခုနှစ်က ချီလီနဲ့ ကစားခဲ့တဲ့ ကိုပါအမေရိက တတိယနေရာလုပွဲမှာ တစ်ကြိမ် အနီထိခဲ့ဖူးတာပါ။


ဆက်စပ်အကြောင်းအရာများ



က္က