ဂျိုးဆက်ဘိုင်ကန်ထက် တစ်ဂိုးအသာရရှိခဲ့ပြီဖြစ်ပါတယ်။
Pyae Phyo Thein

အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ပွဲကစားချိန် ၆၄ မိနစ်မှာ အသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဂိုးပေါင်း ၇၆၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ 


နာပိုလီနဲ့ကစားခဲ့တဲ့ အီတလီစူပါဖလားဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အတွက် အနိုင်ဂိုးတစ်ဂိုးသွငး်ယူပေးခဲ့ပြီးနောက် ရော်နယ်ဒိုုဟာ ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ပွဲကစားချိန် ၆၄ မိနစ်မှာ အသင်းအတွက်အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ဂိုးပေါင်း ၇၆၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ 



ရော်နယ်ဒိုရဲ့ ဒီသွင်းဂိုးဟာ ချက်ကစားသမားဟောင်း ဂျိုးဆက်ဘိုင်ကန်ရဲ့ ၇၅၉ ဂိုးကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး ပီလီထက် ၃ ဂိုးအသာ၊ မက်ဆီထက် ၄၁ ဂိုးအထိ အသာစီးရရှိခဲ့ပြီဖြစ်ပါတယ်။ စပို့တင်း၊ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗီတို့အတွက်ကစားပေးပြီး အံ့မခန်းဖွယ်ရာ ဂိုးသွင်းစွမ်းရည်တွေကို ရော်နယ်ဒိုက ပြသခဲ့ကာ လက်ရွေးစင်အသင်းအတွက်လည်း ဂိုးပေါင်းရာကျော်သွင်းယူနိုင်ခဲ့ပါတယ်။ 

စူပါဖလားပွဲမှာ ဂိုးရဖို့ ရုန်းကန်နေရတဲ့ ဂျူဗီဟာ ရော်နယ်ဒိုရဲ့ ဂိုးကြောင့် အသက်ရှူချောင်ခဲ့ပြီး မိုရာတာက နောက်တစ်ဂိုးသွင်းယူခဲ့လို့ ၂ဂိုးပြတ်နဲ့ နာပိုလီကိုအနိုင်ရခဲ့ကာ ဒီရာသီ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက် ဂျူဗီနဲ့အတူ ဆုဖလားလေးလုံးရယူနိုင်ခဲ့ပြီဖြစ်ကာ စီးရီးအေဖလား ၂လုံးနဲ့ စူပါဖလား ၂လုံးကို ၃ နှစ်မပြည့်ခင်မှာပဲ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ပေါ်တူဂီစူပါစတားဟာ ဘောလုံးသမိုင်းမှာ ကာလရှည်တည်တံ့နေတော့မယ့် စံချိန်တစ်ခုကို ရေးထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ကစားသမားဘဝနေဝင်ချိန်လို့ ဆိုရမယ့် အသက်အရွယ်ကို ရောက်နေပြီဖြစ်ပေမယ့် ရော်နယ်ဒိုရဲ့ ခြေစွမ်းကတော့ တောက်ပနေဆဲဖြစ်ကာ ရယူဖို့ခဲယဉ်းတဲ့ စံချိန်မှတ်တမ်းတွေကို ရယူနေပြီး အားလုံးရဲ့အထက်မှာ ရပ်တည်နေဆဲလည်းဖြစ်ပါတယ်။ 

ဂျူဗီနဲ့အတူ ကိုပါအီတာလီယာဖလား၊ ချန်ပီယံလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ရော်နယ်ဒိုအတွက် ဆုဖလားစံချိန်သစ်တွေလည်း ထပ်မံရယူနိုင်ဦးမှာဖြစ်လို့ သူ လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။



Author


က္က