ဒီအောင်မြင်မှုက ဒီရာသီစီးရီးအေမှာ မီလန်နှစ်သင်းရဲ့ ဦးဆောင်မှုအောက်ရောက်နေတဲ့ ဂျူဗီအတွက် အားတက်စရာဖြစ်လာမယ်လို့ ပေါ်တူဂီကြယ်ပွင့်က ဆိုခဲ့ပါတယ်။
ဂျူဗင်တပ်စ်နဲ့အတူ အီတလီစူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူးရော်နယ်ဒိုက စီးရီးအေဆုဖလားကို ရယူနိုင်ဖို့အတွက်ပါ ဒီအောင်ပွဲက အထောက်အကူပေးလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုကတော့ စူပါဖလားဗိုလ်လုပွဲမှာ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနို်င်ခဲ့ပြီး ဘောလုံးသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။
၂-၀ နဲ့ ဂျူဗီက အနိုင်ရရှိခဲ့တာဖြစ်ပြီး မိုရာတာက နောက်ထပ်အနိုင်ဂိုးကိုသွင်းယူခဲ့ကာ ဒီရာသီအတွက် ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအတွက်လည်း ဂျူဗီကစားသမားဘဝမှာ စီးရီးအေဖလား ၂လုံးနဲ့ စူပါဖလား ၂လုံးကို ဆွတ်ခူးနိုင်မှုဖြစ်ပြီး ဒီအောင်မြင်မှုက ဒီရာသီစီးရီးအေမှာ မီလန်နှစ်သင်းရဲ့ ဦးဆောင်မှုအောက်ရောက်နေတဲ့ ဂျူဗီအတွက် အားတက်စရာဖြစ်လာမယ်လို့ ပေါ်တူဂီကြယ်ပွင့်က ဆိုခဲ့ပါတယ်။
"နိုင်ပွဲနဲ့အတူ ကျွန်တော်တို့ အရမ်းပျော်ရွှင်နေပါတယ်၊ အရမ်းခက်ခဲတဲ့ပွဲပါ၊ အထူးသဖြင့် ကွင်းအနေအထားက တော်တော်လေးဒုက္ခပေးခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပါတယ်၊ အင်တာမီလန်နဲ့ပွဲက ပြသခဲ့တဲ့ ခံယူချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပုံစံကို ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်၊ အဲဒါတွေကပြီးသွားပါပြီ၊ ဒီဆုဖလားက အရမ်းအရေးကြီးပါတယ်"
"အနာဂတ်မှာ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေအတွက် ဒီဆုဖလားက ယုံကြည်မှုတွေပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်" လို့ ရော်နယ်ဒိုက Rai Sport နဲ့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။ "မီလန်နဲ့ အင်တာက အရမ်းတောင့်တင်းတဲ့အသင်းတွေပါ၊ ဒါပေမယ့်လည်း ကျွန်တော်တို့နိုင်ပွဲတွေရအောင်ယူ နိုင်မယ်လို့ ယုံကြည်ပါတယ်၊ ဒီလိုဖြစ်လာဖို့အရမ်းခက်ပေမယ့်လည်း စကူဒက်တိုဖလားကို ရယူနိုင်ဖို့က ဖြစ်နိုင်သေးတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကတော့ လာမယ့်ပွဲအဖြစ် တနင်္ဂနွေနေ့မှာ ဘိုလော့ဂ်နာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ထပ်ပွဲစဉ်ကတော့ SPAL နဲ့ ကိုပါအီတာလီယာဖလားကွာတားဖိုင်နယ်ကို ကစားရမှာပါ။