တစ်ရာသီလုံးမှ ယူရို ၇ သိန်းပဲ သုံးစွဲနိုင်တာပါ။
Pyae Phyo Thein

သူတို့ရဲ့ အိမ်ကွင်းဟာ ပရိသတ် ၄၈၅၀ ဦးသာ ဝင်ဆံ့ပြီး တစ်သင်းလုံးမှာ စပိန်ကစားသမားအများစုပါဝင်နေကာ နိုင်ငံခြားသားကစားသမားအဖြစ် ဟွန်ဒူးရပ်စ်တိုက်စစ်မှူးဂျိုနာ နဲ့ အိုင်ဗရီကို့စ်ကွင်းလယ်လူအလီဒီယာကီတီတို့နှစ်ဦးတည်းသာရှိတယ်လို့ သိရပါတယ်။


စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲရဲ့ ၃၂ သင်းအဆင့်မှာ တတိယတန်းကလပ်ငယ်လေးဖြစ်တဲ့ အယ်လ်ကိုရာနိုအသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ၂-၁ နဲ့ အံ့အားသင့်ဖွယ်ရာအနိုင်ယူပြီး ၁၆ သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ စပိန်ဘီလူးကြီးလို့ တင်စားခံနေရတဲ့ ရီးရဲလ်အတွက် စူပါဖလားဆီမီးဖိုင်နယ်မှာ ဘီလ်ဘာအိုကို အရေးနိမ့်ပြီးနောက် ကိုပါဒယ်ရေးပြိုင်ပွဲကလည်း ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ 

ရီးရဲလ်အတွက်တော့ တော်တော်လေးအရှက်ရဖွယ်အရေးနိမ့်မှုဖြစ်ပြီး ဘန်ဇီမာ၊ ဟာဇက်၊ ကက်စ်မဲရိုး၊ မာဆယ်လို၊ ခရူးစ်တို့လို ကစားသမားတွေပါဝင်ခဲ့ပေမယ့် အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ နည်းပြဇီဒန်းအတွက်လည်း ဖိအားတွေတော်တော်လေးရှိလာခဲ့ပြီဖြစ်ကာ သူ့ရဲ့နည်းပြရာထူးကနေ အချိန်မရွေးလွင့်စင်သွားနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။ 

အယ်လ်ကိုရာနိုအသင်းဟာ တစ်ရာသီလုံးအတွက် ဘတ်ဂျတ်အားဖြင့် ယူရို ၇ သိန်းသာ သုံးစွဲနိုင်တဲ့အသင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ဘန်ဇီမာ နဲ့ ဟာဇက်တို့ နှစ်ဦးပေါင်းရရှိနေတဲ့ တစ်ပတ်လုပ်ခလစာငွေထက်တောင်မှ နည်းပါးနေသေးပြီး ဒီကစားသမားနှစ်ဦး ပါဝင်လာတဲ့ အသင်းကို အိမ်ကွင်းမှာ အနိုင်ယူပြီး စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်စေခဲ့ပါတယ်။

သူတို့ရဲ့ အိမ်ကွင်းဟာ ပရိသတ် ၄၈၅၀ ဦးသာ ဝင်ဆံ့ပြီး တစ်သင်းလုံးမှာ စပိန်ကစားသမားအများစုပါဝင်နေကာ နိုင်ငံခြားသားကစားသမားအဖြစ် ဟွန်ဒူးရပ်စ်တိုက်စစ်မှူးဂျိုနာ နဲ့ အိုင်ဗရီကို့စ်ကွင်းလယ်လူအလီဒီယာကီတီတို့နှစ်ဦးတည်းသာရှိတယ်လို့ သိရပါတယ်။ စပိန်ပထမတန်းအဖြစ် နာမည်တွင်ခဲ့စဉ်က ၁၉၄၇-၄၈ ဘောလုံးရာသီတုန်းကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အထက်မှာရပ်တည်နိုင်ခဲ့တယ်လို့ သိရပြီး အဆိုပါရာသီက သူတို့အသင်းသမိုင်းမှာ အကောင်းဆုံးဘောလုံးရာသီဖြစ်ခဲ့ပါတယ်။

အခုအခါမှာလည်း ရီးရဲလ်ကို ကိုပါဒယ်ရေးပြိုင်ပွဲမှာ အနိုင်ယူပြီး သမိုုင်းဝင်နိုင်ပွဲကို ပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်ကစားသမားနှစ်ဦးရရှိနေတဲ့ တစ်ပတ်စာလုပ်ခလစာလောက်တောင်မှ မသုံးစွဲနိုင်တဲ့ ဗလန်စီယာအခြေစိုက် စပိန်အသင်းငယ်လေးဟာ စပိန်ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးအသင်းကို အိမ်ကွင်းမှာ အလဲထိုးပြီး ဘောလုံးလောကကို အံ့အားသင့်စေခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က