အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်ကာ လာလီဂါပွဲတစ်ပွဲတည်းသာ ကစားဖူးသူပါ။
Pyae Phyo Thein

၂၀၀၃ ခုနှစ်က ဆယ်လ်တာဗီဂိုအတွက် လာလီဂါပွဲတစ်ပွဲတည်းသာ ကစားခဲ့ဖူးတဲ့ ဖီဂွီရက်စ်ဟာ ရီးရဲလ်နဲ့ပွဲမှာတော့ ကာကွယ်မှုပေါင်း ၁၀ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပါတယ်။


ကိုပါဒယ်ရေးဖလား ၃၂ သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တတိယတန်းကလပ် အယ်လ်ကိုရာနိုအသင်းရဲ့ ဂိုးသမားဖြစ်သူ ဟိုဆေးဟွမ်ဖီဂွီရက်စ်က လာမယ့်အဆင့်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဖီဂွီရက်စ်ဟာ အသက် ၄၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝမှာ လာလီဂါပွဲစဉ်တစ်ပွဲတည်းသာ ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။ 

၂၀၀၃ ခုနှစ်က ဆယ်လ်တာဗီဂိုအတွက် လာလီဂါပွဲတစ်ပွဲတည်းသာ ကစားခဲ့ဖူးတဲ့ ဖီဂွီရက်စ်ဟာ ရီးရဲလ်နဲ့ပွဲမှာတော့ ကာကွယ်မှုပေါင်း ၁၀ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပါတယ်။ ဒါဟာ ဒီရာသီမှာ ရီးရဲလ်နဲ့ ရင်ဆိုင်ရတဲ့ အသင်းတွေထဲမှာ ဂိုးပေါက်ကာကွယ်မှုအများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ ဂိုးသမားဖြစ်လာခဲ့ပြီး ဇီဒန်းကို စိတ်အနာကြီးနာစေခဲ့တဲ့ ဂိုးသမားလည်းဖြစ်ပါတယ်။ 

အခုအခါမှာ ဖီဂွီရက်စ်က ကိုပါဒယ်ရေးဖလား ၁၆ သင်းအဆင့်မှာ ဘာစီလိုနာနဲ့ ထပ်မံရင်ဆိုင်ချင်တယ်လို့ ပြောဆိုခဲ့ကြောင်း ဘာစီလိုနာသတင်းတွေကို ဖော်ပြပေးနေတဲ့ Viva Barca စာမျက်နှာက ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ သူတို့အသင်းရဲ့ ခြေစွမ်းကို မှတ်ကျောက်တင်နိုင်ခဲ့ပြီးနောက်မှာ ဖီဂွီရက်စ်က နောက်ထပ်ထိပ်သီးအသင်းကြီးတစ်သင်းနဲ့ ထပ်မံစမ်းသပ်ချင်နေတာလည်း ဖြစ်ဖွယ်ရှိပါတယ်။

အယ်လ်ကိုရာနိုအသင်းကတော့ ပရိသတ်ပေါင်း ၄ ထောင်ကျော်သာ ဝင်ဆံ့တဲ့ အိမ်ကွင်းကို ပိုင်ဆိ်ုင်ထားတဲ့ အသင်းဖြစ်ပြီး သူတို့ရဲ့ တစ်ရာသီလုံးအသုံးစရိတ်စုစုပေါင်းဟာ ယူရို ၇ သန်းဝန်းကျင်ခန့်သာရှိတယ်လို့ သိရပါတယ်။ အသင်းတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ကက်စ်နိုဗာဆိုရင် အချိန်ပိုင်းအလုပ်သမားအဖြစ်နဲ့ပါ လုပ်ကိုင်နေရသူဖြစ်ကာ တစ်သင်းလုံးမှာ နိုင်ငံခြားသားကစားသမားကလည်း ၂ဦးတည်းသာ ပါဝင်ပြီး စပိန်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ 



Author

  • Pyae Phyo Thein

    Content Writer/Reporter


က္က