ရီးရဲလ်ဆီ ရော်န်ဒိုပြန်လာဖို့ ပီရက်ဇ်က ဆွဲဆောင်နေတယ်လို့ ခန့်မှန်းနေကြပါတယ်။
Pyae Phyo Thein

ဒါဟာ ရီးရဲလ်အသင်း ဖလားပြိုင်ပွဲနှစ်ခုကနေ ထွက်ခွာခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တဲ့သတင်းဖြစ်လို့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ပီရက်ဇ်က ကြိုးစားနေပြီလားဆိုတာ သံသယဖြစ်ဖွယ်ရှိလာခဲ့ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းဟောင်းရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်နဲ့ တူရင်မှာ တွေ့ဆုံခဲ့တယ်လို့ El Chiringuito TV က ဖော်ပြသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအခြေစိုက်ရာ တူရင်မှာပဲတွေ့ဆုံခဲ့ပြီး ပီရက်ဇ်ဟာ ဂျူဗီအသင်းပိုင်ရှင် အဂ္ဂါနယ်လီနဲ့လည်း တွေ့ဆုံခဲ့သေးတယ်လို့ သိရပါတယ်။ 



ရော်နယ်ဒိုနဲ့ တွေ့ဆုံမှုမှာတော့ သူတို့နှစ်ဦးဟာ နာရီအနည်းငယ်ကြာ စကားပြောဆိုခဲ့ကြပြီး ဘာတွေပြောဆိုခဲ့လဲဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။ ဒါဟာ ရီးရဲလ်အသင်း ဖလားပြိုင်ပွဲနှစ်ခုကနေ ထွက်ခွာခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တဲ့သတင်းဖြစ်လို့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူဖို့ ပီရက်ဇ်က ကြိုးစားနေပြီလားဆိုတာ သံသယဖြစ်ဖွယ်ရှိလာခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ ၂၀၁၈ မှာ ရီးရဲလ်ကနေ ဂျူဗီကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ဘာနေဗျူးမှာ ၉ နှစ်ကြာကစားခဲ့ပြီး ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်နဲ့ပါ စံချိန်တင်နိုင်ခဲ့သလို အောင်မြင်မှုအများအပြားကိုလည်း ဆွတ်ခူးနိုင်ခဲ့ကာ ကစားသမားဘဝ အတောက်ပဆုံးအချိန်ကာလတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ 

ရီးရဲလ်အနေနဲ့ ရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက် စပိန်စူပါဖလားနဲ့ လာလီဂါဖလားတို့ကိုသာ ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာတော့ ၁၆ သင်းအဆင့်နဲ့သာ ကျေနပ်နေခဲ့ရပါတယ်။ ဒီရာသီမှာလည်း ရလဒ်တွေဆိုးရွားနေပြီး လာလီဂါမှာ မြို့ခံပြိုင်ဘက်အက်သလက်တီကိုအသင်းအောက်ရောက်ရှိနေသလို စူပါဖလား နဲ့ ကိုပါဒယ်ရေးပြိုင်ပွဲတွေကနေလည်း ရှေ့ဆင့်နောက်ဆင့်ထွက်ခဲ့ရပါတယ်။ 

ရော်နယ်ဒိုမရှိတော့တဲ့နောက် ဟာဇက်ကို ခေါ်ယူပြီး အစားထိုးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။ အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုကတော့ ဂျူဗီမှာ ပုံစံကောင်းပြသနေပြီး စီးရီးအေဖလားနှစ်ကြိမ်ဆက်ရယူထားသလို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အီတလီစူပါဖလားဆွတ်ခူးခဲ့ပြီး ဘောလုံးသမိုင်းမှာ သွင်းဂိုးအများဆုံးကစားသမားအဖြစ်နဲ့လည်း စံချိန်သစ်ရရှိထားခဲ့ပါတယ်။ 


Author


က္က