ရှုံးပွဲအတွက်လည်း ဇလာတန်က ဒေါသထွက်နေခဲ့ပါတယ်။

ဒုတိယနေရာက အင်တာမီလန်ကို ၂ မှတ်အထိ ဖြတ်ထားနိုင်ဆဲဖြစ်ပေမယ့် ဇလာတန်ကတော့ ရှုံးပွဲတွေ့တဲ့အပေါ် မကျေမနပ်ဖြစ်နေခဲ့ပြီး လာမယ့်ပွဲတွေကို အကောင်းဆုံးကစားသွားဖို့ ပြောဆိုခဲ့ပါတယ်။ 


အတ္တလန္တာကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ပေမယ့် ဆောင်းရာသီချန်ပီယံအဖြစ် အေစီမီလန်အသင်းက ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆောင်းရာသီချန်ပီယံဖြစ်တာဟာ ဘာအဓိပ္ပာယ်မှမရှိဘူးလို့ တိုက်စစ်မှူးဇလာတန်က ပြောဆိုခဲ့ပြီး ဆုဖလားရရှိဖို့အတွက်ဆိုရင် အကောင်းဆုံးကစားပြနိုင်ဖို့ လိုအပ်မယ်လို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။ 

စီးရီးအေမှတ်ပေးဇယားထိပ်မှာရပ်တည်နေတဲ့ အေစီမီလန်ဟာ အတ္တလန္တာကို အရေးနိမ့်ခဲ့လို့ ဒီရာသီမှာ ၂ပွဲမြောက် အရေးနိမ့်မှုဖြစ်လာခဲ့ပါတယ်။ ဒုတိယနေရာက အင်တာမီလန်ကို ၂ မှတ်အထိ ဖြတ်ထားနိုင်ဆဲဖြစ်ပေမယ့် ဇလာတန်ကတော့ ရှုံးပွဲတွေ့တဲ့အပေါ် မကျေမနပ်ဖြစ်နေခဲ့ပြီး လာမယ့်ပွဲတွေကို အကောင်းဆုံးကစားသွားဖို့ ပြောဆိုခဲ့ပါတယ်။ 

အေစီမီလန်အတွက် ဒီရာသီမှာ လိဂ်ဂိုး ၁၂ ဂိုးရရှိထားတဲ့ ဇလာတန်က "ဒီနေ့ပွဲမှာ အမှားတွေအများကြီးပါပဲ၊ ဆင်ခြေပေးဖို့လည်း ကျွန်တော်မကြိုးစားချင်ဘူး၊ ပွဲတိုင်းမှာ ရလဒ်ကောင်းထွက်ဖို့ အာရုံစိုက်ရမှာဖြစ်ပြီး ဒီနေ့ဆိုရင် ဘာမှကို မလုပ်ပြနိုင်ခဲ့ဘူး၊ အခုအရေးကြီးတာက ကျွန်တော်တို့ရဲ့ စွမ်းအင်တွေပြန်ရဖို့နဲ့ နောက်ပွဲကို အာရုံစိုက်ဖို့ပါ၊ လာမယ့်ပွဲအတွက် ပြင်ဆင်ချိန်ရလို့ ကံကောင်းပါတယ်"

"ပွဲစဉ် ၁၉ အပြီးမှာ ၂ပွဲတည်းအရေးနိမ့်တယ်ဆိုတာက အရမ်းကြီးမဆိုးရွားပါဘူး၊ ဒါပေမယ့် အသင်းမှာ ကစားသမားအများအပြားကို လက်လွှတ်ထားရပါတယ်၊ အတွေ့အကြုံရင့်ကစားသမားတစ်ဦး (မန်ဇူကစ်) ရောက်လာတယ်လို့တော့ ပြောနိုင်ပါတယ်၊ ဒါတွေက ဆင်ခြေမဟုတ်ပါဘူး၊ ဆောင်းရာသီချန်ပီယံဖြစ်ခဲ့ပေမယ့် ဘာအဓိပ္ပာယ်မှမရှိဘူး၊ အခက်ခဲဆုံးအပိုင်းက အခုမှစမှာပါ" လို့ Sky Italia ကို ပြောဆိုခဲ့ပါတယ်။ 


အေစီမီလန်ကတော့ စီးရီးအေဖလားကို ၂၀၁၀-၁၁ ခုနှစ်မှာ နောက်ဆုံးအကြိမ်ရရှိခဲ့ပြီး ၁၀ နှစ်ကြာဝေးကွာနေခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီရာသီမှာ အကောင်းဆုံးပုံစံပြသနေလို့ ဆုဖလားကို တကျော့ပြန်ရယူနိုင်မယ်လို့လည်း ထင်ကြေးပေးခံနေရပါတယ်။ 



က္က