အလာဗက်စနဲ့ပွဲမှာ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။
Pyae Phyo Thein

ချယ်လ်ဆိးမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ဟာဇက်က ပြန်လည်ရရှိခဲ့တာဖြစ်ပြီး ရလဒ်တွေဆိုးရွားနေတဲ့ ရီးရဲလ်အတွက်တော့ ဟာဇက်က အပြောင်းအလဲဖြစ်လာဖွယ်ရှိနေပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပျောက်နေလို့ ဝေဖန်ခံနေရတဲ့ ဟာဇက်ဟာ မနေ့ညကကစားခဲ့တဲ့ အလာဗက်စ်နဲ့ပွဲမှာ အသင်းအတွက် တစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တိးပေးပြီး ခြေစွမ်းပြခဲ့ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်အတွက်တော့ တစ်ပွဲတည်းမှာပဲ သွင်းဂိုးရော၊ ဖန်တီးမှုပါ ရယူနိုင်ခဲ့တဲ့ ရှားရှားပါးပါးပွဲစဉ်ဖြစ်လာခဲ့ပါတယ်။ 



ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကတည်းက လာလီဂါသွင်းဂိုးပျောက်ဆုံးနေခဲ့တဲ့ ဟာဇက်အတွက် ၂၀၂၁ ခုနှစ်မှာ ပထမဆုံးလာလီဂါသွင်းဂိုးလည်း ဖြစ်လာခဲ့ပြီး သူ့အပေါ်စိတ်ရှည်လက်ရှည်နဲ့ စောင့်ကည့်ပေးခဲ့တဲ့ ဇီဒန်းအတွက်လည်းအကောင်းဆုံးပြန်လည်ပေးဆပ်မှုဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်ထားလို့ အသင်းကိုမကိုင်တွယ်နိုင်တဲ့ နည်းပြဖြစ်သူကို စိတ်ကျေနပ်စေခဲ့ပါတယ်။

ဒီပွဲကိုတော့ လက်ထောက်နည်းပြဘက်တိုနီက ကိုင်တွယ်ခဲ့ပြီး ပွဲအပြီးမှာ ဇီဒန်းကို ချက်ချင်းဆက်သွယ်ခဲ့ပြီး အသင်းအခြေအနေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဇီဒန်းကလည်း အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ကျေနပ်မိတယ်လို့ပြောဆိုခဲ့ကြောင်း ဘက်တိုနီက ဖွင့်ဟခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 

ဟာဇက်ဟာ အလာဗက်စ်နဲ့ပွဲမှာ Dribble ပြုလုပ်မှု ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး အခွင့်အလမ်း ၂ကြိမ်ဖန်တီးပေးခဲ့ကာ ပေးပို့မှုရဲ့ ၉၀% အထိ တိကျမှန်ကန်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ချယ်လ်ဆိးမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ဟာဇက်က ပြန်လည်ရရှိခဲ့တာဖြစ်ပြီး ရလဒ်တွေဆိုးရွားနေတဲ့ ရီးရဲလ်အတွက်တော့ ဟာဇက်က အပြောင်းအလဲဖြစ်လာဖွယ်ရှိနေပါတယ်။


စပိန်စူပါဖလား နဲ့ ကိုပါဒယ်ရေးပြိုင်ပွဲတွေမှာ အရေးမလှခဲ့တဲ့ ရီးရဲလ်ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကို အားထည့်ကစားရတော့မှာဖြစ်ပါတယ်။ လာလီဂါမှာတော့ မြို့ခံပြိုင်ဘက်အက်သလက်တီကိုမက်ဒရစ်အောက်မှာရပ်တည်နေရပြီး ချန်ပီယံဖြစ်ဖို့အတွက်ဆိုရင်တော့ နိုင်ပွဲတွေဆက်တိုက်ရယူထားဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က