မနေ့က ကစားခဲ့တဲ့ပွဲမှာ ဖြစ်ပျက်ခဲ့တာပါ။

အသင်းအရေးနိမ့်ခဲ့လို့ စိတ်အချဉ်ပေါက်ပုံရနေတဲ့ ဇလာတန်ဟာ ကိုလံဘီယာတိုက်စစ်မှူးကို ချိုးချိုးဖဲ့ဖဲ့ပြောဆိုခဲ့ပြီး ဇာပါတာကတော့ ဘယ်လိုချေပမှုမျိုးမှ မပြုလုပ်ခဲ့ဘူးလို့လည်း သိရပါတယ်။ 


အေစီမီလန်အသင်းတိုက်စစ််မှူးကြီးဇလာတန်ဟာ အိမ်ကွင်းမှာပဲ အတ္တလန္တာကို သုံးဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ဘက်တိုက်စစ်မှူးဇာပါတာနဲ့ အနညး်ငယ်အချင်းများမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဒူဗန်ဇာပါတာက အတ္တလန္တာအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး အေစီမီလန်ကို ဂိုးပြတ်အနိုင်ရအောင် အသင်းကို ကူညီပေးနိုင်ခဲ့ပါတယ်။ 

ဇာပါတာနဲ့ ဇလာတန်တို့ကြားမှာ ထိပ်တိုက်တွေ့မှုတွေရှိခဲ့ပြီးနောက် ဆွီဒင်သားကြီးက သူ့ထုံးစံအတိုင်း စကားလုံးတွေနဲ့တော့ အနိုင်ပြန်ယူသွားခဲ့ပါတယ်။ အသင်းအရေးနိမ့်ခဲ့လို့ စိတ်အချဉ်ပေါက်ပုံရနေတဲ့ ဇလာတန်ဟာ ကိုလံဘီယာတိုက်စစ်မှူးကို ချိုးချိုးဖဲ့ဖဲ့ပြောဆိုခဲ့ပြီး ဇာပါတာကတော့ ဘယ်လိုချေပမှုမျိုးမှ မပြုလုပ်ခဲ့ဘူးလို့လည်း သိရပါတယ်။ 

ပွဲကစားချိန် ၉၂ မိနစ်မှာ ပင်နယ်တီပြစ်ဒဏ်ဘောအတွက် ကွင်းလယ်ဒိုင်နဲ့ ဇလာတန်တို့ အငြင်းပွားနေခဲ့ကြပြီး အနားမှာရှိနေတဲ့ ဇာပါတာက ရယ်မောကာ ဝင်ရောက်ပြောဆိုရာမှာတော့ ဇလာတန်က "မင်း တစ်ဘဝလုံးကစားခဲ့တဲ့ပွဲအရေအတွက်ထက် ငါ့သွင်းဂိုးကပိုများတယ်၊ မင်း လာမရှုပ်နဲ့" လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

ဇလာတန်ကတော့ ကစားသမားဘဝမှာ သွင်းဂိုးပေါင်း ၄၈၀ အထိ သွင်းယူထားပြီး ဇာပါတာကတော့ ကစားသမားဘဝမှာ ပွဲပေါင်း ၃၄၄ ပွဲသာ ကစားထားရသေးလို့ ဆွီဒင်သားကြီးရဲ့ ပြောဆိုမှုက မှန်ကန်ခဲ့တာကိုတော့ တွေ့ရပါတယ်။ အေစီမီလန်အသင်း ဂိုးပြတ်အရေးနိမ့်နေချိန်မှာ ဒေါသထွက်နေတဲ့ ဇလာတန်တစ်ယောက် ရှုံးမဲမဲကာ ဇာပါတာကို ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သတင်းဌာနတချို့က ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ 

အေစီတိုက်စစ်မှူးဟာ ဒီရာသီမှာ အသင်းအတွက် စီးရီးအေသွင်းဂိုး ၁၂ ဂိုးရရှိထားပြီး သူ့ထက် ဂိုးပိုသွင်းထားနိုင်သူအဖြစ် ဂျူဗီတိုက်စစ်မှူးရော်နယ်ဒိုတစ်ဦးတည်းသာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ 




က္က