အေတီကိုအတွက် လာလီဂါပွဲဦးထွက် ၁၅ ပွဲမှာ ၁၂ ဂိုးရခဲ့တာပါ။

ဆွာရက်ဇ်က အေတီကိုအတွက် လာလီဂါပွဲ ၁၅ ပွဲမှာ ၁၂ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနောက်ပိုင်း လာလီဂါပွဲဦးထွက် ၁၅ ပွဲမှာ သွင်းဂိုးအများဆုံးရရှိတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။


အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူးဆွာရက်ဇ်ဟာ ဗလန်စီယာနဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် ရီးရဲလ်တိုက်စစ်မှူးဟောင်းစီရော်နယ်ဒိုရဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို အနီးစပ်ဆုံးလိုက်မီသွားခဲ့ပါတယ်။ ဘာကာကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းသစ်မှာ ဆွာရက်ဇ်က ခြေစွမ်းကောင်းတွေပြသနေခဲ့တာလည်းဖြစ်ပါတယ်။



၃-၁ နဲ့ အက်သလက်တီကိုက အနိုင်ရရှိခဲ့ရာမှာ ဆွာရက်ဇ်က အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးအတွက် ဒီဂိုးဟာ အသင်းသစ်မှာ လာလီဂါသွင်းဂိုး ၁၂ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီးတော့ ရီးရဲလ်ကို ယူနိုက်တက်ကနေ ပြောင်းရွှေ့လာခဲ့တဲ့နောက် ပွဲဦးထွက် ၁၅ ပွဲမှာ ၁၃ ဂိုးအထိ ရရှိခဲ့တဲ့ ရော်နယ်ဒိုရဲ့ မှတ်တမ်းနဲ့ နီးစပ်ခဲ့ပါတယ်။ 

ဆွာရက်ဇ်က အေတီကိုအတွက် လာလီဂါပွဲ ၁၅ ပွဲမှာ ၁၂ ဂိုးအထိ ရရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနောက်ပိုင်း လာလီဂါပွဲဦးထွက် ၁၅ ပွဲမှာ သွင်းဂိုးအများဆုံးရရှိတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အက်သလက်တီကိုမက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး နည်းပြဆီမြွန်နီအတွက် ဆုဖလားရရှိရေးမှာ အဓိကကစားသမားဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ 

လာလီဂါမှှာ အက်သလက်တီကိုမက်ဒရစ်က ရီးရဲလ်၊ ဘာစီလိုနာတို့ထက် တစ်ပွဲလျော့ကစားထားပြီး ရီးရဲလ်ကို ၇ မှတ်၊ ဘာစီလိုနာကို ၁၀ မှတ်အထိ ဖြတ်တောက်ထားပြီး လက်ကျန်တစ်ပွဲကို အနိုင်ရရှိခဲ့မယ်ဆိုရင် နောက်ထပ်အမှတ်တွေ ထပ်မံဖြတ်တောက်နိုင်ဦးမှာဖြစ်ပါတယ်။ အမှတ်ပေးဖလားအတွက် အခြေအနေအကောင်းဆုံးဖြစ်နေရာမှာ ဆွာရက်ဇ်က အဓိကအကျဆုံးသူအဖြစ် ပါဝင်နေခဲ့ပါတယ်။ 

"ဆွာရက်ဇ်က ဥရောပမှာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်ဆိုတာ ကျွန်တော်တို့အမြဲတမ်းတွေးနေခဲ့တာပါ၊ ကျွန်တော်တို့နဲ့အတူ သူရှိနေတာ ကံကောင်းမှုဖြစ်ပြီး အားလုံးကိုလည်း ပျော်ရွှင်စေခဲ့ပါတယ်" လို့ ပွဲအပြီးအင်တာဗျူးမှာ အေတီကိုဥက္ကဌဆီရီဇိုက ပြောဆိုခဲ့တယ်လို့လည်း MSN က ဖော်ပြခဲ့ပါတယ်။



က္က