ကစားသမားအပြောင်းအရွှေ့တွေအတွက် ပေးချေရမှာဖြစ်ပါတယ်။
Pyae Phyo Thein

ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း အသင်းရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၇၄% ဟာ ကစားသမားတွေကို လုပ်ခလစာပေးချေခဲ့ရတယ်လို့လည်း သိရပြီး ဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားရချိန်မှာ အသင်းဝင်ငွေက အနိမ့်ဆုံးဖြစ်ခဲ့ကာ အခက်ကြုံခဲ့ရတာဖြစ်ပါတယ်။ 


အသင်းရဲ့ နှစ်ပတ်လည်ဘဏ္ဍာရေးအစီရင်ခံစာကို မနေ့က ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ရာမှာတော့ အသင်းအနေနဲ့ အသင်းပေါင်း ၁၉ သင်းကို အပြောင်းအရွှေ့အတွက် အကြွေးပေးချေရဖို့ ရှိနေတယ်လို့ သိရပါတယ်။ စုစုပေါင်း ပေါင် ၁၁၂သန်းအထိ ပေးချေသွားရမှာဖြစ်ပြီး လီဗာပူးလ်အသင်းကို အများဆုံးပေးသွားရမှာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ကော်တင်ဟိိုကို လွန်ခဲ့တဲ့ ၃ နှစ်က ပေါင် ၁၄၂ သန်းနဲ့ ခေါ်ယူခဲ့ရာမှာ ပေါင် ၂၅သန်း ပေးချေဖို့ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ကော်တင်ဟိုဟာ အသင်းသမိုင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ခဲ့ပေမယ့်လည်း မျှော်လင့်ထားသလို ခြေစွမ်းမျိုးမပြသနို်င်ခဲ့ဘဲ ဘာစီလိုနာအတွက်တော့ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ်နဲ့သာ ကျန်ရှိနေခဲ့ပြီး ဒီအပြောင်းအရွှေ့အကျိုးဆက်ကို အခုချိန်ထိ ခံစားနေခဲ့ရပြီဖြစ်ပါတယ်။ 

မနေ့က ထုတ်ပြန်ခဲ့တဲ့ အသင်းဘဏ္ဍာရေးအစီရင်ခံစာအတွင်းမှာ အသင်းရဲ့ကြွေးမြီစုစုပေါင်းဟာ ယူရို ၁.၂ ဘီလီယံအထိရှိတယ်လို့လည်းသိရပါတယ်။ အဆိုပါအကြွေးတွေထဲမှာ အပြောင်းအရွှေ့အတွက် ပေးချေရမယ့်ငွေကြေးစုစုပေါင်းက ပေါင် ၁၁၂သန်းအထိ ရှိနေခဲ့ကာ မယ်လ်ကွန်အတွက် ဘော်ဒိုးကို ပေါင် ၈.၈သန်း၊ အာသာမယ်လိုအတွက် ဂရီမီယိုအသင်းကို ပေါင် ရသန်းနဲ့ ဒီဂျောင်အတွက် အေဂျက်ဇ်ကို ပေါင် ၁၄သန်းအထိ အကြွေးဆပ်ရမှာဖြစ်ပါတယ်။ 

ဗိုင်းရပ်စ်ကာလအတွင်းမှာ ဘာစီလိုနာအသင်းဘဏ္ဍာရေးပြသနာတွေရှိခဲ့တာက လျှို့ဝှက်ချက်တစ်ခုအဖြစ်နဲ့ မရှိခဲ့ပါဘူး။ အသင်းကလည်း ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်ကာ ကစားသမားတွေရဲ့ လုပ်ခလစာကိုပါ လျှော့ချခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း အသင်းရရှိခဲ့တဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၇၄% ဟာ ကစားသမားတွေကို လုပ်ခလစာပေးချေခဲ့ရတယ်လို့လည်း သိရပြီး ဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားရချိန်မှာ အသင်းဝင်ငွေက အနိမ့်ဆုံးဖြစ်ခဲ့ကာ အခက်ကြုံခဲ့ရတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ဝင်ငွေပေါင်တစ်ဘီလီယံနဲ့အထက် ရရှိတဲ့ ပထမဆုံးကလပ်ဖြစ်လာဖို့ ဘာစီလိုနာကမျှော်လင့်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်မလာခဲ့ဘဲရှိနေခဲ့ရပါတယ်။ လက်ရှိမှာတော့ ပထမအသင်းကစားသမားတွေကို လစာလျှော့ချနိုင်ခဲ့သလို အာသာ၊ ဆယ်မီဒို၊ ရာကီတစ်၊ ကူကူရယ်လာတို့ကို ရောင်းချနိုင်ခဲ့လို့ ငွေကြေးလျှော့ချမှုရှိခဲ့ပါတယ်။ အသင်းအနေနဲ့ ပေးချေစရာရှိတဲ့အကြွေးတွေကို အနည်းဆုံးအားဖြင့် လာမယ့်ဇွန်လ ၃၀ ရက်နေ့မှာမှ ပေးချေနိုင်ဖို့လည်း မျှော်လင့်ထားကြောင်း သိရပါတယ်။ 


Author


က္က