ဘာစီလိုနာအသင်းကို ၂၀၁၂ခုနှစ်က ဗလင်စီယာအသင်းကနေ ပြောင်းလာခဲ့သူပါ။

ကွင်းပြင်ပမှာ နှိမ့်ချ ဆက်ဆံတတ်ပြီး အရာအားလုံးကို လေးစားတန်ဖိုးထားတတ်ပေမယ့် ကွင်းအတွင်း ရန်လိုတဲ့ ကစားဟန်ကြောင့် အခုလိုမျိုး မိမိကို မုန်းတီးနေကြတာလို့ အယ်လ်ဘာက ရင်ဖွင့်လာတာပါ။

ပရိသတ်တွေ အမုန်းဆုံး ကစားသမားတွေထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအဝင်လို့ ကိုယ့်ကိုယ်ကို ခံစားနေရတယ်လို့ ဘာစီလိုနာ ကစားသမား ဂျော်ဒီအယ်လ်ဘာက ထုတ်ဖော်ပြောလာပါတယ်။



သူ့အနေနဲ့ ကွင်းပြင်ပ လူနေမှုဘဝမှာ ဘယ်လောက်ကောင်းကောင်း ကွင်းအတွင်း လုပ်ဆောင်ချက်တွေနဲ့ ပတ် သက်ပြီး ပရိသတ်တွေက မုန်းတီးနေတယ်လို့ ကိုယ့်ကိုယ်ကို ယူဆနေတာပါ။

နောက်ခံလူ တစ်ဦးပီပီ ပြိုင်ဖက် တိုက်စစ်မှူးတွေကို ဟန့်တားရာမှာ မာမာထန်ထန် တုံ့ပြန်ကစားလေ့ရှိတဲ့ ကစားဟန်အပေါ် ပရိသတ်တွေက ရန်လိုတဲ့ ကစားဟန်အဖြစ် ရှုမြင်နေခဲ့တာကြောင့် အယ်လ်ဘာတစ်ယောက် စိတ် ခံစားမှုက လွှမ်းမိုးခြင်း ခံနေရတာပါ။

“ဘောလုံးမှာ ကျွန်တော်နဲ့ပတ်သက်ရင် ပရိသတ်တွေဟာ မုန်းတီးနေကြပါတယ်။ဒါရှင်းပါတယ်၊တကယ်တော့ ကစားဟန်က ကျွန်တော့်ပုံစံပါပဲ။ဘယ်နေရာပဲရောက်ရောက် ကျွန်တော်ကတော့ ကစားဟန်ကို ပြင်မှာ မဟုတ်ပါ ဘူး။အခြားကျွန်တော့်ကိုသိတဲ့သူတွေကတော့ ကျွန်တော်ဟာ အမြဲတမ်း ကိုယ့်ကိုယ်ကို နှိမ့်ချဆက်ဆံတတ်သူဆို တာ သိပါတယ်။”လို့ အယ်လ်ဘာက Movistar+နဲ့ အင်တာဗျူးမှာ ဖြေခဲ့တာပါ။

အယ်လ်ဘာကတော့ ၂၀၁၂ခုနှစ်က ဗလင်စီယာအသင်းကနေ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း ၃၆၀လောက် ကစားပေးထားနိုင်ပါတယ်။

သူ ကစားပေးခဲ့တဲ့ ကာလအတွင်း ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါ ၅ကြိမ်နဲ့ ချန်ပီယံလိဂ် တစ်ကြိမ် စတဲ့ အဓိက ဆုဖလားကြီးတွေကိုအသင်းနှင့်အတူ ပိုင်ဆိုင်ထားနိုင်ပါတယ်။

ယခုနှစ်မှာတော့ ဘာစီလိုနာအသင်းဟာ ထိပ်ဆုံးက အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဒုတိယနေရာက ရီးရဲ အသင်းတို့ရဲ့အောက် အဆင့် ၃မှာ ရပ်တည်နေရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က