ယူနိုက်တက်တိုက်စစ်မှူးဟောင်းနှစ်ယောက်က ဒါဘီပွဲမှာ အချင်းများခဲ့တာပါ။
Pyae Phyo Thein

နှစ်ဦးသားခေါင်းချင်းဆိုင်တဲ့အထိ ဖြစ်ခဲ့ကာ ပြင်းထန်ခဲ့ပြီး တစ်ဦးနဲ့တစ်ဦးလည်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုမှုတွေရှိခဲ့ကြကာ ဇလာတန်က လူကာကူကို "မြည်းလိုကောင်" လို့ ပြောဆိုခဲ့သလို အမေနဲ့ခိုင်းနှိုင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 


မနေ့ညက ကစားခဲ့တဲ့ ကိုပါအီတာလီယာကွာတားဖိုင်နယ်ရဲ့ မီလန်ဒါဘီပွဲကတော့ ဇလာတန် နဲ့ လူကာကူတို့ရဲ့ ပွဲကြမ်းမှုနဲ့အတူ အသက်ဝင်သွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်းနှစ်ဦးဟာ မြို့ခံပြိုင်ဘက်တွေအဖြစ် ပြန်လည်ရင်ဆိုင်ခဲ့ရချိန်မှာတော့ တော်တော်လေးပွဲကြမ်းခဲ့ကြပြီး လူကာကူကို အင်တာမီလန်အသင်းသားတွေ မနည်းထိန်းခဲ့ရတယ်လို့ Goal.com က ဆိုပါတယ်။ 

အင်တာမီလန်က ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဇလာတန်က အေစီအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ဇလာတန်တစ်ယောက် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး အင်တာမီလန်အတွက် လူကာကူက ချေပဂိုးသွင်းယူပေးကာ အဲရစ်ဆန်က ပွဲပြီးခါနီးမှာ အလွတ်တည်ကန်ဘောကတဆင့် အနိုင်ဂိုးသွင်းယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ 

ပထမပိုင်းမှာ လူကာကူကို အေစီမီလန်နောက်ခံလူ ရိုမက်ဂ်နိုလီက ဖျက်ထုတ်ခဲ့လို့ ဘယ်လ်ဂျီယံသားလဲကျခဲ့ပါတယ်။ ဒီနောက်မှာ လူကာကူနဲ့ ဇလာတန်တို့ အချင်းများခဲ့ကြပြီး နှစ်ဦးသားခေါင်းချင်းဆိုင်တဲ့အထိ ဖြစ်ခဲ့ကာ ပြင်းထန်ခဲ့ပြီး တစ်ဦးနဲ့တစ်ဦးလည်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေနဲ့ ပြောဆိုမှုတွေရှိခဲ့ကြကာ ဇလာတန်က လူကာကူကို "မြည်းလိုကောင်" လို့ ပြောဆိုခဲ့သလို အမေနဲ့ခိုင်းနှိုင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

လူချင်းကွဲသွားချိန်မှာ ဇလာတန်က ပြောဆိုခဲ့တာဖြစ်ပြီး ဒီနောက်မှာ လူချင်းခွဲခံခဲ့ရပြီး နှစ်ဦးစလုံးလည်း အဝါကတ်ပြသခံခဲ့ရပါတယ်။ ပထမပိုင်းအပြီးမှာတော့ အပြင်းထန်ဆုံးအဆင့်ကို ရောက်ရှိသွားခဲ့ပြီး လူကာကူဟာ ဇလာတန်ကို ဥမင်ထဲထိ လိုက်ကာ ပြသနာဖြေရှင်းဖို့ အားထုတ်ခဲ့လို့ အင်တာအသင်းသားတွေ ၀ိုင်းဆွဲခဲ့ရပြီး ဇလာတန်က သူ့ကို မိခင်နဲ့နှိုင်းကာ ပြောဆိုခဲ့တာကြောင့် ဒေါသထွက်ခဲ့တာလို့ Daily Mail က ဆိုပါတယ်။ 

ဒီအတွက်ကြောင့် လူကာကူက ဇလာတန်ကို "မင်းနဲ့ မင်းမိန်းမကိုပါ ငါ-----မယ်၊ မင်းက ဘာကောင်မို့လို့ ငါ့အမေနဲ့ပတ်သက်ပြီး ပြောချင်နေရတာလဲ" လို့ ပြန်ပြောခဲ့ကာ ဇလာတန်နောက်ကို လိုက်သွားခဲ့ချိန် အသင်းဖော်တွေက တားဆီးခဲ့ရတာဖြစ်ပါတယ်။ ဒီပြသနာဟာ အဲဒီနောက်မှာ အနည်းငယ်အေးသွားခဲ့ပြီး ဒုတိယပိုင်းပြန်စပြီး ၁၃ မိနစ်အကြာမှာ ဇလာတန်ထုတ်ပယ်ခံရပြီးနောက် အပြီးတိုင်းပြီးဆုံးသွားခဲ့ပါတယ်။ 

သူတို့နှစ်ဦးဟာ ယူနိုက်တက်မှာ အသင်းဖော်တွေအဖြစ် တွဲဖက်ကစားခဲ့ဖူးသူတွေဖြစ်ပြီး အဲဒီအချိန်တုန်းက ဇလာတန်က လူကာကူကို လေ့ကျင့်ရေးကွင်းမှာ ဘောလုံးတခါထိန်းနိုင်ရင် ငါးပေါင်ပေးမယ်လို့ နောက်ပြောင်ပြောဆိုခဲ့ဖူးပါတယ်။ အခုအခါမှာတော့ အသင်းဖော်ဟောင်းနှစ်ဦးဟာ ကွင်းထဲမှာ ခေါင်းချင်းဆို်င်၊ မျက်လုံးချင်းပြိုင်ပြီး ရန်သူတော်ကြီးတွေအဖြစ်ရှိနေခဲ့ပြီဖြစ်ပါတယ်။ 


Author


က္က