ပြင်သစ်သတင်းထောက်တစ်ဦးက အခိုင်အမာပြောဆိုခဲ့တာပါ။
Pyae Phyo Thein

ပြင်သစ်ကလပ်ဘက်က စိတ်ဝင်စားမှုရှိနေတယ်လို့ သတင်းတွေထွက်နေချိန်မှာ အခုလိုသင်ယူနေတယ်ဆိုတာက ပဲရစ်ကို သူ ပြောင်းရွှေ့တော့မှာလားဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့ပါတယ်။ 


ပီအက်စ်ဂျီအသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ ပြင်သစ်စကားသင်ယူမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ မက်ဆီနဲ့ သူ့ရဲ့မိသားစုက သင်ယူနေတာဖြစ်ပြီး ပြင်သစ်ကလပ်ဘက်က စိတ်ဝင်စားမှုရှိနေတယ်လို့ သတင်းတွေထွက်နေချိန်မှာ အခုလိုသင်ယူနေတယ်ဆိုတာက ပဲရစ်ကို သူ ပြောင်းရွှေ့တော့မှာလားဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်လာခဲ့ပါတယ်။ 



မက်ဆီကို ပီအက်စ်ဂျီနည်းတူ မန်စီးတီးကလည်း စိ်တဝင်စားနေပြီး ဂွာဒီယိုလာ၊ အဂူရိုတို့လို မက်ဆီနဲ့ရင်းနှီးသူတွေရှိနေလို့ ပြင်သစ်ကလပ်ကို အသာစီးရနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် အခုသတင်းထွက်လာခဲ့မှုက မန်စီးတီးကို စိတ်လှုပ်ရှားစေမှာဖြစ်ပြိး အလွတ်နဲ့ခေါ်ယူနိုင်ခွင့်ရမယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားကို လက်လွှတ်ရဖွယ်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီမှာတော့ မက်ဆီရဲ့အသင်းဖော်ဟောင်းနေမာနဲ့ လူငယ်ကြယ်ပွင့်ဘတ်ပီတို့ရှိနေတာကလည်း ပြင်သစ်ကလပ်အတွက် အားသာချက်တစ်ခုဖြစ်ရှိနေပါတယ်။ ပြင်သစ်ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Geoffroy Garetier က သူ့ရဲ့ သတင်းဆောင်းပါးထဲမှာ မက်ဆီက မန်စီးတီးကိုသွားမယ်ဆိုရင် ဘာအတွက်ကြောင့် ပြင်သစ်ဘာသာစကားကို သင်ယူနေရတာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ 

"မက်ဆီနဲ့ သူ့ရဲ့မိသားစု၊ သူ့ဇနီး၊ကလေးတွေက ပြင်သင်စကားသင်ယူနေကြပါတယ်၊ သူသာ မန်စီးတီးကိုသွားမယ်ဆိုရင် ဘာကြောင့် အခုလိုသင်ယူနေရတာလဲ၊ အဓိပ္ပာယ်မရှိဘူး၊ ကျွန်တော် အခုရရှိခဲ့တဲ့ သတင်းရင်းမြစ်က အရမ်းယုံကြည်စိတ်ချရတဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်" လို့ ပြင်သစ်သတင်းထောက်က ရေးသားခဲ့ကြောင်း Yahoo က ဖော်ပြခဲ့ပါတယ်။ 

အသက် ၃၂နှစ်အရွယ် မက်ဆီဟာ ရာသီကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒီအတွက် လက်ရှိမှာ နှစ်သက်ရာကလပ်နဲ့ ဆွေးနွေးနိုင်ပြီး အကြိုသဘောတူညီမှုလည်း ရယူနိုင်မှာဖြစ်ပါတယ်။ 


Author


က္က