တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရဖို့ ရှိနေပါတယ်။

၂၀၁၀ခုနှစ်ကတည်းက ဒီလိုမျိုး စော်ကားပြုမူတဲ့ လုပ်ရပ်တွေအတွက် အီတလီမှာ ဥပဒေ ပြဌာန်းပြီးနှင့်ပြီး ဖြစ် ပေမယ့်လည်း တစ်ပွဲပယ် ပြစ်ဒဏ်လောက်သာ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလတုန်းက ပါးမားနဲ့ ကစားခဲ့တဲ့ပွဲမှာ ပါးစပ်စည်းမစောင့်ပဲ ပြောဆိုခဲ့တဲ့ ကြမ်းတမ်းတဲ့ စကားတစ်လုံး အတွက် ဂျူဗင်တပ် ဂိုးသမား ဘူဖွန်ဟာ အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူခြင်းကို ခံရဖို့ ရှိနေတယ်လို့ Daily Mailက ဖော်ပြလာပါတယ်။



လာမယ့် ဇန်နဝါရီ ၂၈ဆိုရင် အသက် ၄၃နှစ်ပြည့်တော့မယ့် အီတလီ ဝါရင့် ဂိုးသမားကြီးဟာ အဆိုပါ ပါးမားနဲ့ ပွဲ တုန်းက ပြိုင်ဖက်ကစားသမားကို ရှုတ်ချချင်ဇောနဲ့ ပါးစပ်စည်းမစောင့်ပဲ အီတလီဘာသာစကားနဲ့ ကြမ်းတမ်းစွာ ပြောဆိုခဲ့တာပါ။

ဘူဖွန်ပြောခဲ့တဲ့ “Porco Dio”ဆိုတဲ့ အီတလီစကားလုံးကို အင်္ဂလိပ်လို ဘာသာပြန်လိုက်မယ်ဆိုရင် ဘုရားသခင် ဟာ ဝက်ဖြစ်တယ်လို့ ထွက်သွားတယ်လို့ သိရပါတယ်။

ဒီလိုမျိုး ဘုရားနဲ့ နှိုင်းပြီး စော်ကားပြုမူတဲ့ အပြုအမူတွေအတွက် ၂၀၁၀ကတည်းက အီတလီမှာ စည်းမျဥ်းတွေ သတ်မှတ်ထားခဲ့ပြီး ပွဲအပြီးမှာ ဘူဖွန်ပြောခဲ့တာနဲ့ ပတ်သက်ပြီးမူ စုံစမ်းစစ်ဆေးသွားမယ်လို့ အီတလီဘောလုံး အဖွဲ့ချုပ်ကသတင်းထုတ်ပြန်ပါတယ်။

ဘူဖွန်အနေနဲ့ ယခုနှစ်မှာ ဂျူဗင်တပ်အသင်းအတွက်၆ပွဲသာ ပါဝင်ပေးထားနိုင်သလို ယခု ပြုမူ စော်ကားမိတဲ့ အတွက်လည်း တစ်ပွဲလောက်သာ ပွဲပယ်ခံရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဘူဖွန်ကတော့ သူ့အနေနဲ့ ဘာကိုမှ ဂရုစိုက်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောခဲ့ပါသေးတယ်။ ဘူဖွန်နဲ့ အလားတူ ဖြစ်စဥ်မျိုး ၂၀၂၀ ဒီဇင်ဘာအတွင်းမှာပဲ ရိုးမား ကွင်းလယ်လူ ခရစ္စတန်တီဟာလည်း စော်ကားပြောဆိုမှုတွေ အတွက် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးပါတယ်။

အခုလိုမျိုး ကိုဗစ်ကာလမှာ ပရိသတ် လုံးဝမရှိပဲ ကစားရတဲ့ အခါမျိုးမှာ ကစားတွေရဲ့ နှုတ်က ထွက်ကျလာတဲ့ စကားလုံးတိုင်းကို မိုက်ခရိုဖုန်းတွေက ကောင်းကောင်း အသံဖမ်းထားနိုင်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က