ပီအက်စ်ဂျီက အလိုရှိတာကို ဝန်ခံသွားခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီကတော့ ပြင်သစ်ဘာသာစကားကို သင်ယူမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်နေပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ကြိုတင်ပြင်ဆင်နေတာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆမှုတွေလည်း ထွက်ပေါ်နေပါတယ်။ 


ပီအက်စ်ဂျီနညး်ပြပိုချက်တီနိုဟာ မက်ဆီနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ သတင်းတွေကို သူ့ရဲ့ပြောစကားတွေနဲ့ အတည်ပြုကာ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်ပါတယ်။ ပီအက်စ်ဂျီကို မက်ဆီပြောင်းရွှေ့နိုင်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ ပိုချက်တီနိုက ဒီလိုကစားသမားမျိုးကို စိတ်မဝင်စားတဲ့အသင်းဆိုတာ မရှိဘူးလို့ ပွင့်ပွင့်လင်းလင်းပြောဆိုသွားခဲ့ပါတယ်။ 



မက်ဆီဟာ ဘာစီလိုနာနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။ နောက်ဆုံး ၆ လသာ ကျန်ရှိတော့တာဖြစ်ပြီး နှစ်သက်ရာအသင်းတွေနဲ့ ဆွေးနွေးနိုင်တဲ့အပြင် အကြိုသဘောတူညီချက်ပါ ရယူနိုင်ခွင့်ရှိနေလို့ ပီအက်စ်ဂျီဘက်က ချဉ်းကပ်မှုတွေပြုလုပ်နေကာ မန်စီးတီးထက် လက်ဦးမှုရယူနိုင်ဖို့ကို အားကုန်ထုတ်ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ 

မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားလားဆိုတဲ့ မေးခွနး်တွေနဲ့ ပတ်သက်ပြီး ပိုချက်တ်ီနိုက "အဲဒါက ပြောစရာတွေအများကြီးပါ၊ အသင်းတိုင်းက တိုးတက်ဖို့အတွက် ဗျူဟာတွေရှိကြပါတယ်၊ အဆုံးသတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်၊ ကျွန်တော့်တာဝန်က တခြားအသင်းအတွက် ကစားပေးနေတဲ့ ကစားသမားတွေကို လေးစားမှုထားပြီး သူတို့နဲ့ပတ်သက်တာတွေကို ထိန်းသိမ်းထားဖို့ပါ"

"ဘောလုံးမှာမဖြစ်နိုင်တာဘာမှမရှိပါဘူး၊ ဒါပေမယ့်လည်း အောင်မြင်မှုတွေရယူနိုင်ဖို့ အသ်ငးတိုင်းက အကောင်းဆုံးကစားသမားတွေကို ပိုင်ဆိုင်ထားမှဖြစ်ပါမယ်၊ တခါတလေမှာ စကားလုံးတွေမလိုအပ်ပါဘူး၊ ဘယ်နည်းပြကများ အရည်အသွေးပြောင်မြောက်တဲ့ ကစားသမားတွေကို မလိုချင်တာရှိနေလို့လဲ" လို့ ပိုချက်တီနိုက စပိန်သတင်းစာ AS ကို ပြောဆိုခဲ့ပါတယ်။ 

မက်ဆီကတော့ ပြင်သစ်ဘာသာစကားကို သင်ယူမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်နေပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ ကြိုတင်ပြင်ဆင်နေတာဖြစ်နိုင်တယ်ဆိုတဲ့ ယူဆမှုတွေလည်း ထွက်ပေါ်နေပါတယ်။ 



က္က