လက်ရွေးစင်အသင်းဖော်နဲ့ တွဲဖက်ကစားချင်နေတာပါ။

အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အသင်းဖော်တွေအဖြစ်ရှိနေခဲ့ပေမယ့် ဒီမာရီယာနဲ့ မက်ဆီတို့ဟာ ကလပ်အသင်းမှာတော့ ပြိုင်ဘက်တွေအဖြစ်နဲ့သာ ရင်ဆိုင်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။


ပီအက်စ်ဂျီတောင်ပံကစားသမားဒီမာရီယာက အသင်းကို မက်ဆီရောက်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ ထမင်းချက်လုပ်ရမယ်ဆိုရင်တောင်မှ ဆက်ရှိနေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဂျင်တီးနားတောင်ပံကစားသမားဟာ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုုံးတော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် မဆွေးနွေးရသေးလို့ အနာဂတ်မရေမရာဖြစ်နေပေမယ့် မက်ဆီနဲ့ တွဲဖက်ကစားချင်တယ်လို့ အတိအလင်းဝန်ခံလိုက်တာလည်းဖြစ်ပါတယ်။ 

အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ အသင်းဖော်တွေအဖြစ်ရှိနေခဲ့ပေမယ့် ဒီမာရီယာနဲ့ မက်ဆီတို့ဟာ ကလပ်အသင်းမှာတော့ ပြိုင်ဘက်တွေအဖြစ်နဲ့သာ ရင်ဆိုင်ခဲ့ဖူးတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ မက်ဆီက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေထွက်နေချိန်မှာ ဒီမာရီယာက သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ 


"မက်ဆီနဲ့ ကလပ်အသင်းတစ်သင်းမှာ တွဲကစားဖို့ ကျွန်တော်အမြဲတမ်းအိပ်မက်ရှိခဲ့ပါတယ်၊ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာတော့ အသင်းဖော်တွေအဖြစ်ရှိနေခဲ့ပေမယ့် အရမ်းတိုတောင်းလွန်းတဲ့ အချိန်တွေပါ၊ သူနဲ့တွဲဖက်ကစးရဖို့ အိပ်မက်က အမြဲတမ်းရှိနေခဲ့ပါတယ်၊ ဘာစီလိုနာကို သွားဖို့ အခွင့်အရေးတစ်ကြိမ်ရခဲ့ဖူးပေမယ့် ဖြစ်မလာခဲ့ပါဘူး၊ အခုတော့ နောက်ထပ်အခွင့်အရေးတစ်ခုကို မြင်တွေ့နေရပါပြီ"

"ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်မသိဘူး၊ ဒါပေမယ့်လည်း ဒီလိုဖြစ်လာမယ်ဆိုရင်တော့ အရမ်းကောင်းမှာပါ၊ ကျွန်တော် ရော်နယ်ဒို၊ နေမာ၊ ဘတ်ပီတို့နဲ့ တွဲကစားခွင့်ရခဲ့ပြီးပါပြီ၊ လီယိုနဲ့တော့ မရသေးဘူး၊ ပျော်ပျော်ရွှင်ရွှင်နဲ့ အနားယူသွားချင်ပါတယ်၊ ကျွန်တော့်ဇနီးသည်က တကယ်လို့ မက်ဆီသာ ရောက်လာခဲ့မယ်ဆိုရင် ထမင်းချက်ပဲလုပ်ရမယ်ဆိုရင်တောင်မှ ဒီမှာဆက်နေသင့်တယ်လို့ ပြောခဲ့ပါတယ်" လို့ ဒီမာရီယာက ဖွင့်ဟခဲ့ကြောင်း barcablaugranes.com က ဖော်ပြခဲ့ပါတယ်။ 

မက်ဆီအနေနဲ့ ပီအက်စ်ဂျီကိုပြောင်းရွှေ့မယ်ဆိုရင်တော့ ပိုချက်တီနို၊ ဒီမာရီယာ၊ ပါရီဒက်စ်တို့လို အာဂျင်တီးနားသားတွေအပြင် သူနဲ့ရင်းနှီးတဲ့ ဘာကာအသင်းဖော်ဟောင်းနေမာနဲ့ ပြန်လည်ဆုံဆညး်ရမှာလည်းဖြစ်ပါတယ်။



က္က